Tuesday, 5 May 2015

ဆွဟာဗဟ်(ရ)သာဝကကြီးများရဲ့ အရည်ချင်း ၆ ရပ်


-အရည်ချင်း(၆)ရပ်၏ လေးနက်သော သဘောတရား အနှစ်သာရမပါ၊
ရည်ရွယ်ချက်များ ဗလာနတ္တိ၊ အရည်ချင်း(၆)ရပ်၏ အိလင်မ်သာရှိနေလျှင်
ယင်းအိလင်မ်ြဖင့် အခြားသူများကို ပြုပြင်မည့် နီယသ်သာ ရှိမည်။
မိမိအား ပြုပြင်ပြောင်းလဲရန် ရည်းစူးမည်မဟုတ်။

ဤသို့ သော (၆)ရပ်၏ ဒအ်ဝသ်ဖြင့် မိမိအဖို့ ယကီးန် အစစ်အမှန်ကို
ရယူနိုင်မည်မဟုတ်။ ထို့ အပြင် အခြားသူများအားလည်း
ယင်းဒအ်ဝသ်၏ ရလဒ် အကျိုးများ သက်ရောက်မည် မဟုတ်ပေ။
(ဟဇရသ်ကြီး မော်လာနာ ယူစွဖ်ဆပ်)

ဆွဟာဗဟ်(ရ)သာဝကကြီးများဟာ တမန်တော်မြတ်(စွ)ရဲ့အနီးအပါးမှာနေပြီး
မြောက်များ စွာသော အရည်အချင်းများကို ရရှိ ခဲ့ ပါတယ် ။
ထို အ ရည် အချင်း များထဲမှ အချို့သော အချက် အလက်များ
(အရည် အချင်း-၆-ရပ် ) ကိုလက်တွေ့  လိုက်နာ ကျင့်သုံးသွားမယ်ဆိုရင်
ဒီးန်တစ်ခုလုံးပေါ်မှာ လွယ်ကူစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

၎င်းအအရည် အချင်းများမှာ - - -

၁။ကလိမဟ် သွို ယိဗဟ် (လာအိလားဟ အိလ်လလ်လာဟူ မုဟမ္မဒ်ဒွရ် ရစူလ်လလားဟ်)

၂။ စွေဖားသေ နမာဇ် (ခ) နမာဇ်ရဲ့ အရည်အချင်း

၃။ အိလင်မ်နဲ့  ဇိကိရ်

၎။ အိက်ရာမေမွစ်လင်မ်

၅။ အိခ်လားစ်စွေ့နီယသ်

၆။ သဖ်ရီကေ ၀က်သ် (သဗ်လီးဂ်၊အလ္လာဟ်လမ်းထွက်ခြင်း)

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

Sunday, 3 May 2015

အမျိုးသမီးနှင့်ဟိဂျာဗ်

အမျိုးသမီးနှင့်ဟိဂျာဗ်

ဘင်းမ်လာဒါလာလ်။        ။အစ္စလာမ်မှ အမျိုးသားနှင့် အမျိုးသမီးများ
အခွင့်အရေး အတူတူပင်ဖြစ်သည်ဟု ဟောပြောနေပါလျှက်
အဘယ်ကြောင့် အမျိုးသမီးများအား `ပရဒါဟ်´၀တ်ဆင်ရန်လိုသည်ဟု
ဆိုပါသနည်း။
အဘယ်ကြောင့် အမျိုးသားနှင့် အမျိုးသမီးများ တွေ့ဆုံချိန်တွင်
သီးသန့်ခွဲခြားနေစေပါသနည်း။

ဒေါက်တာ ဇာကိရ်နိုက်(ခ်)။     ။ ညီမတော်မှမေးသော မေးခွန်းမှာ
အလွန် ကောင်းသောမေးခွန်း ဖြစ်ပါသည်။ အစ္စလာမ်မှ ကျား၊ မရောနှောနေထိုင်ခြင်း၊
ပူးတွဲ နေထိုင်ခြင်းကို လက်မခံပါ။ အစ္စလာမ်မှ `ဟိဂျာဗ်´ (ဖုံးကွယ်ခြင်း၊ ဖုံးအုပ်ခြင်း)ကို
အဘယ်ကြောင့် အထူးပြု ပြောနေရပါသနည်းဆိုသည့်အချက်ကို
တိုတောင်းသော အချိန်ကာလအတွင်း၌ ရှင်းပြပါမည်။
ကျွန်ုပ်အနေနှင့် ယခုလိုမေးတဲ့အတွက် ညီမတော်ကို ကျေးဇူးတင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်မှာ ဟိဂျာဗ်အကြောင်းကို သီးသန့်ပြောဆိုရန်
အချိန်မရသည့် အတွက်ကြောင့်ပင်။

ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် အမျိုးသမီးများအတွက်
ဟိဂျာဗ်ကိုမဖော်ပြမီ၊ အမျိုးသားများအတွက် ဟိဂျာဗ်အတိုင်းအတာအား
ဖော်ပြ ထားသည်ကို တွေ့နိုင်ပါသည်။  ရောင်ခြည်တော်ကဏ္ဍ၊ ကျမ်းပိုဒ် (၃၀ )၌

“(အို-နဗီတမန်တော်) အသင်သည် “မုအ်မင်န်´´ သက်ဝင်ယုံကြည် သူတို့အား
မိမိတို့၏ မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊
ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊
ပြောကြားပါလေ။´´ (၂၄း၃၀)

တဖန် ရောင်ခြည်တော်ကဏ္ဍ၊ ကျမ်းပိုဒ် (၃၁)တွင်
အမျိုးသမီးများအတွက် ဟိဂျာဗ် အတိုင်းအတာကိုဖော်ပြထားပါသည်။

“(အို-နဗီတမန်တော်) အသင်သည် `မုအ်မင်န်´ သက်ဝင်ယုံကြည်သူ
အမျိုးသမီးတို့အား (ဤသို့)ပြော ကြားပါလေ။ ၄င်းတို့သည် မိမိတို့မျက်စိများ ကို
အောက်သို့နှိမ့်၍ စိုက်၍ ထားရှိကြရမည်။  ထို့ပြင် ၄င်းတို့သည်
မိမိတို့၏ အရှက်အင်္ဂါများကို (ကာမေသု မိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ)
ထိန်းသိမ်း ကြရမည်။ ထိုမှတပါး၎င်းတို့သည် ပေါ်၍နေတတ်သော မိမိတို့၏
အလှမှတပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၄င်းတို့သည်
မိမိတို့၏အပေါ်ရုံများ (ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ရင်ဘတ်များ
အပေါ်သို့ ချထားကြရမည်။

ထိုမှတပါး ၄င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊
သို့မဟုတ် မိမိတို့၏ဖခင်များ၊ သို့မဟုတ်  မိမိတို့၏ လင်ယောက်ျားများ၏ ဖခင် များ၊
သို့မဟုတ် မိမိတို့၏သားများ၊ သို့မဟုတ် မိမိ တို့၏လင်ယောက်ျားများ ၏သားများ၊
သို့မဟုတ် မိမိ တို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်
မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် မိမိတို့၏
(သာသနာဝင်) မိန်းမချင်းများ၊ သို့တည်း မဟုတ်
မိမိတို့ လက်ယာလက်များက ပိုင်ဆိုင်သော မိန်းမများ(၀ါ)ကျွန်မများ၊
သို့တည်းမဟုတ် ယောက်ျား များအနက်မှ (မိန်းမများကို) အလိုမရှိသော
(မိမိတို့) လက်အောက်ခံများ သို့မဟုတ် မိန်းမများ၏ အတွင်း ရေး လျှို့ဝှက်ချက်များကို
မသိ နားမလည်ကြသေး သော ကလေးသူငယ်များ၊ ရှေ့မှတပါး အခြား မည်သူ၏
ရှေ့၌မျှ မဖော်ကြရ။ ထိုမှတပါး ၄င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသော
တန်ဆာများကို (သူတစ်ပါးတို့) သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍ မနင်းကြရ။
ထို့ပြင် အို-`မုအ်မင်န်´ သက်ဝင် ယုံကြည်သူအပေါင်းတို့၊
အောင်မြင်မှုရရှိကြအံ့သောငှာ အသင်တို့အားလုံးတို့သည်
အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ၀န်ချ တောင်းပန်ကြလေကုန်။´´  (၂၄း၃၁)

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဆွဟီးဟ်ဟဒီးဆ်တော်များကိုအခြေခံ၍
အစ္စလာမ်တွင် ဟိဂျာဗ်အတွက် စံ(၆)ချက်ကို ဖော်ပြထားပါသည်။

(၁) အတိုင်းအတာပထမစံမှာ ခန္ဓာကိုယ် အတိုင်းအတာကို
ဖုံးထားရန်အတွက် ဖြစ်သည်။
ဤနေရာတွင် ဖုံးထားရန် အတိုင်းအတာသည်သာလျှင်
ယောက်ျားနှင့်မိန်းမကွာခြားပါသည်။
ယောက်ျားများအတွက် ဖုံးအုပ်ထားရမည့်အတိုင်းအတာမှာ
ချက်မှဒူးအထိ ဖြစ်ပါ သည်။
မိန်းမသားများအတွက် မျက်နှာနှင့် လက်ကောက်ဝတ်အထိမှတပါး
ကျန်သော အစိတ်အပိုင်းများကို ဖုံးအုပ်ထားရမည်။
ဆန္ဒရှိခဲ့လျှင် ထိုအစိတ်အပိုင်းများကိုပါ
ဖုံးအုပ်ထားနိုင်ပါသည်။ (အချို့အစ္စလာမ်သုတေသီများက
မျက်နှာနှင့်လက်တို့ကိုလည်း အဓိကဟိဂျာဗ်ပြုရမည့်
အတိုင်းအတာအတွင်း ပါဝင်ရမည်ဟုဆိုကြပါသည်။) ကျန်သောစံနှုန်းများမှာ
ယောက်ျားနှင့်မိန်းမအတူတူပင်ဖြစ်သည်။

(၂) ၀တ်ဆင်ရမည့်အ၀တ်အစား ချောင်ချောင်ချိချိရှိရမည်။
ကိုယ်လုံးနှင့် ကောက်ကြောင်းကို မပေါ်စေရ။

(၃)၀တ်ဆင်သည့်အ၀တ်အစားသည်ခန္ဓာကိုယ်အတွင်းသားကို
ဖောက်မြင်ရသည့်အထိ မပါးလွှာရပါ။

(၄) ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်ရန်ရည်ရွယ်ချက်နှင့်
စွဲမက်ဖွယ်ကောင်းသော အ၀တ်မျိုးမဖြစ်စေရ။

(၅) ဆန့်ကျင်ဘက်လိင်၏ အ၀တ်အထည်ပုံစံနှင့်မတူစေရပါ။

(၆)  မယုံကြည်သူများ၏ အ၀တ်အစား အထူးသဖြင့် ၎င်းင်းတို့၏
ဘာသာရေးဝတ်စုံမျိုးကို မ၀တ်ကြရပါ။ ဤသည်ကား အစ္စလာမ်မှ
သတ်မှတ်ထားသော ဟီဂျာဗ်၏စံနှုန်းများပင် ဖြစ်လေသည်။

ယခုတဖန် အစ္စလာမ်တွင် ဟိဂျာဗ်ကို အဘယ်ကြောင့် ပြဌာန်းရပါသနည်း
ဟူသောမေးခွန်းသို့ ရောက်ရှိလာပါပြီ။  

ဟိဂျာဗ်ဝတ်ထားသော လူ့အဖွဲအစည်းနှင့်
ဟိဂျာဗ် မ၀တ်ထားသောအဖွဲ့အစည်းကို
နှိုင်းယှဉ် ဆန်းစစ်ကြည့်ကြပါဦးစို့။

ကမ္ဘာတွင် ရာဇ၀တ်ပြစ်မှု ကျူးလွန်မှုအများဆုံးနိုင်ငံမှာ
အမေရိကန်ပြည်ထောင်စုဖြစ်ကြောင်း တွေ့ရသည်။
၁၉၉၀ ခုနှစ်၏အစီရင်ခံစာအရတစ်ရက်လျှင် အမျိုးသမီး (၁၇၅)ယောက် သည်
မုဒိန်းမှု ကျူးလွန်ခံခဲ့ရသည်။ ၎င်းအစီရင်ခံစာတွင် ဖော်ပြပါကိန်းဂဏန်းသည်
ထိုပြစ်မှု၏ ၁၆%ကိုသာ ဖော်ပြထားခြင်းဖြစ်ကြောင်း ၀န်ခံထားသည်။
၎င်းင်း ကိန်း ဂဏန်းကို အတိအကျတွက်ချက်ပါက
(၁၉၉၀) ခုနှစ်တစ်ခုထဲတွင်ပင် အမျိုးသမီး (၆၄၀၀၀၀)သည်
မုဒိန်းကျင့်ခံခဲ့ရသည်။

၎င်းင်းကို ပျမ်းမျှနှုန်းနှင့် တွက်ချက်ပါက တစ်ရက်အတွက်
အမျိုးသမီး (၁၇၅၆)သည် နေ့စဉ်  မုဒိန်းကျင့်ခံနေရသည်။
(၁၉၉၃) ခုနှစ်စာရင်းအရ (၁.၃)မိနစ်အတွင်း အမျိုးသမီး (၁၅)ဦးသည်
မုဒိန်းကျင့် ခံနေရသည်ဟူ၏။ သင်သိထားသည့်အတိုင်း အမေရိကန်တွင်
အမျိုးသမီး အခွင့်အရေးကို ပိုပေးထားခြင်းကြောင့် အမျိုးသမီးများ ပို၍ ပို၍
မုဒိန်းကျင့်ခံနေခြင်း ပင်ဖြစ်ပေလိမ့်မည်။ ဖြစ်ပျက်မှု ပြဿနာ၏ ၁၆%ကိုသာ
ဖမ်းဆီးရမိ၏။ ဖြစ်သမျှအမှု၏ ၅၀%မှာ လွတ်လပ်ခွင့် ပေးထားခြင်းဖြစ်သည်။
စာရင်းဇယားအရ ယောက်ျားတစ်ယောက်သည် မိန်းမ (၁၂၅)ယောက်ကို
မုဒိန်းကျင့်ပါမှ တစ်ကြိမ်သာ ဖမ်းခံ ရမည်ဖြစ်သည်။ တစ်ဖန် ထိုတစ်ကြိမ်
အဖမ်းခံရပြန်လျှင်လည်း `၁´နှစ်အောက်သာ ထောင်ကျခံရမည် ဖြစ်သည်။
အကယ်၍ မုဒိန်းမှုကျူးလွန်သူသည် ပထမဆုံး အကြိမ် အဖမ်းခံရလျှင်
လျော့လျော့ပေါ့ပေါ့ဖြင့် သူ၏ပြစ်ဒဏ်သည် `၁´နှစ်ထက် နည်းပေလိမ့်မည်။

အိန္ဒိယနိုင်ငံတွင်လည်း (၁၉၉၂)၊ ဒီဇင်ဘာလအတွင်း တစ်ရက်လျှင်
(၅၄)မိနစ်တိုင်း မုဒိန်းမှုတစ်ခုရှိကြောင်း၊ အစီရင်ခံစာမှ တင်ပြနေပါသည်။
ထို့အတူ (၂၆)မိနစ်တိုင်း ဗလက္ကာရမှုတစ်မှု၊ (၁)နာရီ (၄၃)မိနစ်တိုင်းတွင်
`ဒေါင်ရီကြောင့် သေဆုံးမှု´ တို့ ဖြစ်ပေါ်နေခဲ့ပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင်း
ဖြစ်ပေါ်နေသော မုဒိန်းမှုများကို ခွဲခြမ်း စိတ်ဖြာလေ့လာကြည့်ပါက
မိနစ်တိုင်း မိနစ်တိုင်းတွင် မုဒိန်းမှု ဖြစ်နေပါသည်။

ထို့ကြောင့် ကျွန်ုပ်မှ ရိုးရှင်းလှသော မေးခွန်းတစ်ခု မေးလိုပါသည်။

၎င်းင်းမှာ အမေရိကန် ပြည်ထောင်စုအတွင်း မိန်းမတိုင်း မိန်းမတိုင်းကို
ဟိဂျာဗ်ဝတ်ဆင်ခိုင်းပါက အမေရိကန် ပြည်ထောင်စု၏ မုဒိန်းမှုအခြေအနေမှာ
လက်ရှိ အခြေအနေအတိုင်း ရှိနေမည်လော။ လက်ရှိထက် လျော့နည်း သွားမည်လော။

လက်ရှိထက် တိုးတက်သွားမည်လော။ ထို့ကြောင့် အသင့်အနေနှင့်
အစ္စလာမ်ကို တစ်ခုလုံး ခြုံငုံနားလည်သင့်ပါသည်။

အစ္စလာမ်မှ အမျိုးသမီးအား ဟိဂျာဗ်ဝတ်ရန်သတ်မှတ် ပြဋ္ဌာန်းပေးသည်။
အမျိုးသားအားလည်း ၎င်းင်းတို့၏မျက်လွှာ(အကြည့်)ကို ချုပ်ထိန်းရန်
အမိန့်ပေးထားသည်ကို တွေ့နိုင်သည်။ အစ္စလာမ့်ရှရီအသ်ဥပဒေအရ
ယောက်ျားတစ်ဦးက မိန်းမသားတစ်ဦးကို အဓ္ဓမပြုကျင့်လျှင်
ကြီးလေးသောပြစ်ဒဏ်ကို ချမှတ်ထားပါသည်။ ယင်းကဲ့သို့ ကြမ်းတမ်းသော
အပြစ်ဒဏ်ကို အချို့က ရိုင်းစိုင်းကြမ်းတမ်းသောဥပဒေဆို၍
အစ္စလာမ်ဘာသာကို ရက်စက်လွန်းသော ဘာသာတရားအဖြစ်
စွပ်စွဲ ပြောဆိုမှုများ ရှိခဲ့ပါသည်။

ဤနေရာ၌ ကျွန်ုပ်ဘက်မှ မွတ်စလင်မ်မဟုတ်သောယောက်ျားသားများကို
မေးကြည့်ချင်ပါသည်။ လူကြီးမင်းရဲ့ မိခင်(သို့) ဇနီး(သို့) နှမကို
တစ်စုံတစ်ယောက်က သားမယားမှု ပြုကျင့်သွားသည်ဆိုကြပါစို့။
လူကြီးမင်းကိုလည်း တရားသူကြီးအဖြစ် ခန့်အပ်ပြီး တရားခံကို
လူကြီးမင်း ရှေ့မှောက် ခေါ်ထုတ်လာမည်ဆိုလျှင်

လူကြီးမင်းမှ ထိုသူအား မည်သို့သော ပြစ်ဒဏ်မျိုးချမှတ်ပေးမည်နည်းဟု
မေးလျှင် အားလုံးသောလူပုဂ္ဂိုလ်များက `ဒီလိုကောင်မျိုးတွေ
အသေသတ်ပစ်မှာပဲ´လို့ အဖြေပေးကြပါမည်။ အချို့ကတော့
`သူ့ကို မသေမချင်း တတိတိ နှိပ်စက်ညှင်းပန်းမည်´ဟု ဆိုကြပါသည်။
အသင်တို့၏ မိခင်(သို့မဟုတ်)ဇနီးကို သားမယားမှု ပြုကျင့်သူတွေကို
အသင်တို့သည် သေဒဏ် ပေးချင်ကြသည် မဟုတ်ပါလောဟု
ကျွန်ုပ်မှ သူတို့အား မေးခဲ့ပါသည်။ မိန်းမဆိုလျှင် မိခင်ပဲဖြစ်ဖြစ်၊
နှမပဲဖြစ်ဖြစ်၊ ဇနီးပဲဖြစ်ဖြစ် တစ်ယောက်ယောက်က
ဒီလို လူမဆန်စွာ ပြုကျင့်လာခဲ့လျှင် `ဒီကောင်မျိုး သတ်ပစ်မှတန်တယ်၊
သေသင့်တယ်၊ သတ်ပစ်မယ်´လို့ ခံပြင်းပြင်းနှင့် ဆိုတတ်ကြလျှင်
အစ္စလာမ်ဥပဒေနှင့် ပြစ်ဒဏ်ပေးမှု ကျတော့မှ
`ဘာကြောင့် ကြမ်းလှချည့်ရဲ့၊ ရိုင်းစိုင်းလှချည့်ရဲ့´လို့ ဆိုနေကြပါသနည်း။
အဘယ်ကြောင့် နှစ်မျိုးနှစ်ခွ ပြောနေရပါသနည်း။

ကျွန်ုပ်မှသင့်အားမေးလိုသည့် နောက်ထပ်မေးခွန်းတစ်ခုမှာ
အစ္စလာမ့် ရှရီအသ်တရားဥပဒေကို အမေရိကန်ပြည်ထောင်စုတွင်
ကျင့်သုံးပါက မုဒိန်းမှုများသည် လက်ရှိအတိုင်း တန့်နေမည်လော၊
ပို၍တိုးတက်သွားမည်လော၊ ကျဆင်းသွားမည်လော။ အိန္ဒိယနိုင်ငံအတွက်လည်း
အလားတူ မေးခွန်းကိုပင် မေးလိုပါသည်။ လက်တွေ့ကျကျ သုံးသပ် ကြည့်ကြပါစို့။
အသင်တို့သည် အမျိုးသမီးအခွင့်အရေးကို ပေးနေကြပါသည်ဟု
သီအိုရီဆန်ဆန်ပြောနေကြပါသည်။ လက်တွေ့တွင် ၎င်းတို့အား
သူမတို့၏ အဆင့်အတန်းကို `ကိုယ်လုပ်တော်များ´၊ `အမြှောင်မယားများ´
အဖြစ်ကို တွန်းပို့နေကြခြင်းဖြစ်သည်။

ကျွန်ုပ်အနေနှင့် `ဟိဂျာဗ်´၏အရေးကြီးပုံကို အောက်ဖော်ပြပါ
အမွှာညီအစ်မ၏ ဥပမာနှင့်သာ အမျိုးသမီးတစ်ဦး၏
တန်ဖိုးကိုမီးမောင်း ထိုးပြလိုပါသည်။

ဖော်ပြထားရုံမှတစ်ပါး၊တစ်ကိုယ်လုံး လုံလုံခြုံခြုံနှင့်၊
အစ္စလာမ် `ဟိဂျာဗ်´နှင့်အညီ ၀တ်ဆင်ထားပါသည်။
ကျန်တစ်ဦးကမူ အနောက်တိုင်း၌ ၀တ်နေကျဖြစ်သော
မီနီစကတ်၊ ပေါင်လန် ဂါဝန်တိုလေးနှင့် ၀တ်ဆင်ထားတယ်ဆိုလျှင်

လမ်းထောင့် တစ်နေရာ၌ မိန်းကလေးကို စမည့်နောက်မည့် လမ်းသရဲ၊
လူရမ်းကားများသည် မည်သူ့ကိုပို၍ နောက်ပြောင်မည်နည်း။

အစ္စလာမ့်နည်းကျ ဟိဂျာဗ်ကို ၀တ်ဆင်ထားသော မိန်းကလေးကိုလော။
ပေါင်လန်ဂါဝန်တို ၀တ်ဆင်ထားသော မိန်းကလေးကိုလော။
သဘာဝအရ မီနီစကတ်ဝတ်ဆင်ထားသောသူကို နောက်မှ၊
စမှ ပို၍ ပွဲစည်မည်ဖြစ်သည်။ ဤကဲ့သို့ မလုံ့တလုံ့ ၀တ်ဆင်မှုသည်
သွယ်ဝိုက်သောနည်းနှင့် ဆန့်ကျင်ဘက် လိင်၏ စိတ်ကိုစချင်နောက်ချင်အောင်၊
သိက္ခာမဲ့အောင်ပြုချင်စိတ်ကို ဖိတ်ခေါ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ဟိဂျာဗ်ဝတ်ဆင်ခြင်းသည်  မိန်းမသားတစ်ဦးကို
အသရေ မယုတ်စေပါ။ မိန်းမသား၏ဘ၀၊ တန်းဘိုးကို မြှင့်တင်ပေးပါသည်။
မိန်းမသား၏ အိနြေ္ဒသိက္ခာနှင့် အရှက်သီလကို
စောင့်ထိန်း ကာကွယ်ပေးခြင်းသာဖြစ်ပါသည်။

ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း
လေးစားစွာဖြင့်​ ကူးယူဖော်​ပြပါသည်
မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk