ဟေဂျားဗ် ကို အဘယ်ကြောင့်မုန်း....??? (ဒုတိယပိုင်း)
=================================
ပထမ အပိုင်းမှာ တင်ပြခဲ့တဲ့ အဖြစ်အပျက်သည် အစ္စလာမ့်သမိုင်းပုံရိပ်မှာ
ပရ်ဒဟ်နဲ့ပက်သက်တဲ့ ပထဦးဆုံး ဆန့်ကျဉ်ခံရခြင်းပဲဖြစ်တယ်၊
၎င်းနောက်ပရ်ဒဟ်ကို ဆန့်ကျင်ရခြင်းရဲ့နောက်ကွယ်မှာ ဖုံးအုပ်ထားတဲ့
မိမိရဲ့ဆန္ဒတွေကိုထင်ဟပ်စေတဲ့ သာဓက တစ်ရပ်ဖြစ်တယ်၊
ယနေ့မျက်မှောက်ခေတ်ကာလမှာလဲ ပရ်ဒဟ်ကိုအတိုက်အခံပြုခြင်း၊ဆန့်ကျင်ခြင်းတွေဖြစ်ပေါ်နေတယ်၊
ဒါကလဲ ယုတ်ညံ့တဲ့အမျိုးသားများရဲ့မိမိဆန္ဒကိုအကောင်အထည်ဖေါ်ချင်စိတ်ကြောင့်ပဲဖြစ်တယ်၊
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ အရင်က
ပရ်ဒဟ်ကို ဆန့်ကျင်ခြင်းနဲ့ ယနေ့ခေတ်သစ်ရဲ့ ပရ်ဒဟ်ကို ကန့်ကွက်ခြင်းရဲ့
ရမ္မက်ဆန္ဒက တစ်ခုထဲပါပဲ ၊ ပုံသဏ္ဍာန်တွေသာပြောင်းလဲသွားတယ်
လုပ်ထုံးလုပ်နည်းတွေ ပြောင်းသွားတယ်၊ ရည်ရွယ်ချက်ကတော့မပြောင်းသွားပါဘူး၊
အမျိုးသမီးတွေကရောထိုမြူဆွယ်မူတွေမှာ နစ်မြောနေကြသလော?
ထိုဖြားယောင်းသွေးဆောင်သူတွေရဲ့ သားကောင်ဖြစ်နေကြသလော?
အမျိုးသမီး လွပ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စီးမြောပြီး မိမိကိုယ်ကို အမျိုးသားများရဲ့ ဖိနှိပ်ခံ
လက်ပါးစေ ကျွန်အဖြစ် ခံစားနေဘိလော?
ယင်းမေးခွန်းများရဲ့အဖြေကို စရ်ကိုဇီတွေရဲ့ ထံကလျို့ဝှက် ပေါက်ကြားလာတဲ့သတင်းကိုသုံးသပ်ကြည့်မယ်ဆိုရင်
( ပြင်သစ်မှာ နှစ်စဉ် အစ္စလာမ်သာသနာကို ကူးပြောင်း လက်ခံလာသူ အရေအတွက်က
သောင်းကျော်အထိမြင့်တက်လာခဲ့သည်၊ ၎င်းနောက်အစ္စလာမ်သာသနာကို
ကူးပြောင်းသူအများစုမှာအမျိုးသမီးများ ဖြစ်ကြသည် )
ထိုအချက်ကို လေ့လာကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
အမျိုးသမီး အခွင့်အရေး၊ လွပ်လပ်မူ၊ အရှက်ကင်းမဲ့ မူတွေရဲ့ ကြောက်မက်ဖွယ်
ရလဒ်တွေကိုတွေ့မြင်ပြီးသကာလ အမျိုးသမီးများသည် အစ္စလာမ် သာသနာတော်ရဲ့
လှုံခြုံမူရှိတဲ့၊ အမျိုးသမီးအခွင့်အရေး အစစ်အမှန်ကို ပေးထားတဲ့
သာသနာ့ဘောင်ထဲမှာ မိမိရဲ့ ကျန်ရှိနေတဲ့ သက်တမ်းကို ကုန်ဆုံးချင်လာကြရှာတယ်၊
ယခုအခါမှာ အနောက်နိုင်ငံတော်တော်များများက
အထူးသဖြင့်အမျိုးသမီးတွေဟာ အစ္စလာမ် သာသနာတော်ကို
ကူးပြောင်းလာတာကိုတွေ့မြင်ပြီး စရ်ကိုဇီ များနှင့် အပေါင်းအပါ တသိုက်
မုန်တိုင်းထန်နေကြခြင်းဖြစ်ပေသည်၊
ပရ်ဒဟ်မဲ့ အမျိုးသမီးပေါင်းများစွာသည် ပရ်ဒဟ် ဝတ်ဆင်လာကြသည်မှာ ကြောက်ခမန်းလိလိ ပင်ဖြစ်သည်၊
ပရ်ဒဟ်ကို ဆန့်ကျင်ချင်ကြသူများရဲ့ အိမ်မက်တွေပျက်ဆီးကုန်လေသည်၊
မော်ဒယ်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်လောကမှ အမျိုးသမီးများရဲ့
သောင်ဗဟ်အမှားဝန်ချတောင်းပန်ပြီး ရှရီအသ်တရားတော်အတိုင်း နေထိုင်လာကြသည့်
သတင်း အစရှိသည်တို့ကို တွေ့မြင်နေကြရတယ်။
အံ့သြဖွယ်ကောင်းတာတစ်ခုကတော့ အရှေ့ပိုင်းအရပ်ဒေသကမွတ်စလင်မ်
တစ်ယောက်ယောက်က အလုပ်လုပ်ဖို့သော်လည်းကောင်း၊ ပညာသင်ဖို့သော်လည်းကောင်း
အနောက်နိုင်ငံတွေကိုထွက်ခွာသွားသည့် အခါမှာသူတို့ရဲ့မျက်နှာမှာ
မုတ်ဆိတ်မရှိကြဘူး၊ ထိုသူတွေ ပိတ်ရက် ရောက်လို့ မိမိ
တို့ရဲ့အရှေ့ပိုင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ မျက်နှာမှာ
ထူထဲတဲ့ မုတ်ဆိတ် အပြည့်နဲ့ ပြန်လာတာဖြစ်တဲ့အတွက်ကြောင့်
ပြန်တောင်မှတ်မိဖို့ခက်တယ် ၊
ကုရ်အာန်ကျမ်းတော်မြတ်မှာလဲ
အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ ( ကာဖိရ်တွေက အလ္လာဟ်အရှင်မြတ်ရဲ့
အလင်းရောင်ကို မိမိတို့ပါးစပ်ဖြင့်ငြိမ်းဖို့ လိုလားကြသည်၊
သို့သော်အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖီငြင်းဆန်သူတို့ မနှစ်မြို့လင့်ကစား
မိမိအလင်းကို ပြည့်ဝစေမည့်သူ ဖြစ်ပေသည်)
ဤကဲ့သို့ပဲအချို့သောအမျိုးသမီးတွေ ပရ်ဒဟ်ကို မနှစ်မြို့ကြဘူး၊
ဆန့်ကျင်ကြတယ်၊ အမျိုးထဲမှ အချို့သော သက်ကြီးရွယ်အို တွေရဲ့ ပရ်ဒဟ်ခြုံဖို့
တိုက်တွန်း သင်ကြားပေးတာကို လက်မခံတဲ့ အပြင်လှောင်ပြောင်သရော်ကြတယ်၊
ထို့ပြင်တဝ ပရ်ဒဟ်ခြုံထားသော သူနှင့် အပြင်ကို အတူတူသွားလာခြင်းကိုလည်း
ရှက်စရာ ကိစ္စတစ်ရပ်ဟုထင်မြင်ကြပါတယ်။
ထိုကဲ့သို့
ပရ်ဒဟ်ကိုမုန်းတဲ့အမျိုးသမီးတွေဟာ ဥရောပကို သွားပြီး ပြန်လာရင် သူတို့ရဲ့
မျက်နှာမှာ ပရ်ဒဟ်ရဲ့ နူရ် (အလင်းရောင်) တစ်ခု ပြန်ပါလာခဲ့ကြတယ်၊ ၎င်းပြင်
မိမိတို့ရဲ့ အခြားကောင်းမူ အေဘာဒသ် များထက်ကို
ထိုပရ်ဒဟ်ခြုံခြင်းနဲ့ပက်သက်ပြီး ဂုဏ်ယူလေ့ရှိကြတယ်။
နောက်အခြားတစ်ဖက်မှာလဲ ပရ်ဒဟ်မရှိခြင်းကြောင့်၊ အတို အပြတ် အကပ်
တွေဝတ်ဆင်မူကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားမူတွေကလည်း ပရ်ဒဟ်ခြုံဖို့
အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ရပြန်တယ်။
အနောက်တိုင်း ဒေသရဲ့ ဓလေ့ကို အတုခိုးသူ များသည်လည်း စိုးရိမ်ရေမှတ်ကို
ကျော်လွန်နေတဲ့ ကြောက်မက်ဖွယ်ပြဿနာ တွေကိုတွေ့မြင်ပြီး အသက်ကိုပင် ရဲရဲ
မရူရဲအောင် ဖြစ်နေကြတယ်။
အမျိုးသမီး ရဲ့ အားနည်းချက်မှာ ရှက်ခြင်း၊
ကြောက်ခြင်း၊ ပျော့ပျောင်းခြင်း ၊ သိမ်မွေ့ခြင်း တို့ပဲဖြစ်တယ် ၊
အမျိုးသမီးများထံမှာ မိမိကိုယ်ကို ကာကွယ်ဖို့ မည်သည့် လက်နက် ပုန်းများပင်
ရှိနေပါစေ အမျိုးသားနှင့် မယှဉ်နိုင်ပါဘူး၊ ထို့အတွက်ကြောင့် အမျိုးသမီးထု
တစ်ရပ်လုံးအတွက် အမျိုးသားရဲ့ ရန်မှ လွတ်မြောက်ရန်အတွက် ပရ်ဒဟ်ဆိုသော
အခိုင်ခံ့ဆုံးသော တံတိုင်းသာလျှင် တစ်ခုတည်းသော အကောင်းဆုံးလွတ်မြောက်လမ်းပင်ဖြစ်သည်၊
အစ္စလာမ်သာသနာက ပြဋ္ဌာန်းထားသော စည်းကမ်းချက်တွေကိုတစ်သွေမတိမ်း
လိုက်နာခြင်းဖြင့် ထိုကဲ့သို့သော နားမကြားဝံ့တဲ့အဖြစ်ဆိုးများမှ
ခိုလှုံခွင့်ကို အပြည့်အဝ ရယူနိုင်ပါတယ်၊၊၊
မော်လ၀ီ နူးရအဟ်မဒ်(ခ) မင်းထက်အောင်
Copy By Tun Win