......................
ဓလေ့ရက်ကို ကျော်လွန်ကာ သွေးစီးဆင်းလျက်ရှိနေသော် ၎င်းအမျိုးသမီးအနေဖြင့် ဝူဇူပြူ၍ နမာဇ် ဖတ်ရမည်လော။
မေးမြန်းချက်။ အမျိုးသမီးတစ်ဦးတွင် ၃ရက် ဟိုက်ဇ် သွေးဆင်းသော အကျင့် ရှိခဲ့သည်၊ သို့သော် အခြားကာလတွင် ၃ရက်ပြည့်သော်လည်းသွေးမှာရပ်ဆိုင်းမူမရှိပါကမည်သို့ပြူရမည်နည်း။
ဖြေကြားချက်။ အကယ်၍ ၃ ရက် ကျော်လည်း သွေးမပိတ်သေးပါက ရေမချိုးရသေးပေ။ ၎င်းအပြင် နမာဇ် လည်း ဝတ်ပြုရန်မသင့်ပေ။ အကယ်၍ ၁၀ရက် ၁၀ည သို့ ထို့ထက် နည်းစွာသော ရက်တွင် သွေးပိတ်သွားပါမူ ထိုရက်သည် ဟိုက်ဇ် ရက်ဖြစ်၍ ထိုရက်များ၏ နမာဇ် အားလုံး လွတ်ငြိမ်း ချမ်းသာမူ ရရှိသွားပေသည်။ ကဇွာ အစားပြန်လည်ဖတ်ရန်တာဝန်မရှိပေ။ ၎င်းအပြင် ဟိုက်ဇ် ရက်၏ ဓလေ့အကျင့်ပြောင်းသွားပြီဟု မှတ်ယူရမည်။ သို့ရှိရာ ဤရက်အားလုံးသည် ဟိုက်ဇ် ရက်ပင်ဖြစ်ပေမည်။ ၎င်းအပြင် အကယ်၍ ၁၀ရက် ၁၀ညထက် ကျော်လွန်၍ သွေးစီးဆင်းကာ မူလသွေးဆင်းခဲ့သော ၃ရက်သာလျှင် ဟိုက်ဇ် ရက်ဖြစ်ပေသည်၊ ကျန်သောရက်များအားလုံးသည် ရောဂါသွေးဖြစ်သည်၊ သို့ရှိရာ ၁၁ရက်မြောက်သောနေ့တွင် ရေချိုး၍ ၇ရက်၏ နမာဇ်များအား အစားပြန်လည်ဖြည့်စွက်ရပေမည်၊။
(ဖသာဝါအဆ်အဒီယဟ်အတွဲ၃ စာ ၁၈၉)
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk