ဓလေ့ရက်ပြည့်၍ ဟိုက်ဇ် သွေးဆင်းခြင်း ရပ့တန်သွားပြီးနောက်တွင်လည်း ရေမချိုးသေးမီအလျှင် မိမိ၏ ဇနီးနှင့်ပေါင်းသင်းဆက်ဆံခွင့် မရှိခြင်း။
မေးမြန်းချက်။ အမျိုးသမီးတစ်ဦးသည် ဟိုက်ဇ် လာသောအကျင့်မှာ ၅ရက် သို့ ၉ရက် ရှိလေသည်၊ ထိုရက် ကုန်ဆုံး၍ ဟိုက်ဇ် ရပ်သွားပါက ရေမချိုးမီအလျှင် ခင်ပွန်းနှင့်ပေါင်းသင်းဆက်ဆံခွင့် ရှိပါသလား၊မည်သို့နည်း။
ဖြေကြားချက်။ ရက်မည်မျှ ပင်လျှင် ထိုသူမ၏ ဓလေ့အကျင့်ဖြစ်စေ၊ ထိုရက်ကုန်၍သွေးပိတ်သွားပါက ရေမချိုးမီအလျှင် ပေါင်းသင်းခြင်းမပြူရပေ။ အကယ်၍ ရေမချိုးရ၍ နမာဇ် အချိန် ကျော်လွန်သွားပါက ထိုနမာဇ်ကို ပြန်လည်ဖြည့်စွက်ရန်မှာ ဝါဂျီဗ် တာဝန်ဖြစ်သည်။
.......................
လစဉ်၅ရက် ဟိုက်ဇ် လာရာမှ ၄ရက်နှင့် ဟိုက်ဇ် လာခြင်း ရပ်တန့်သွားလျှင်။
မေးမြန်းချက်။ အမျိုးသမီးတစ်ဦးတစ်ယောက်တွင် ဟိုက်ဇ် သည် လစဉ် ၅ရက်သွေးဆင်းသည်။ အကယ်၍ ၄ရက်မျှနှင့် သွေးပိတ်သွားပါက နမာဇ်၏ တာဝန် ရှိပါသလား။
ဖြေကြားချက်။ ရေချိုး၍ နမာဇ်ဝတ်ပြူရန် ဝါဂျီဗ် ဖြစ်သည်၊ သို့သော်၅ရက်မပြည့်မီအတွင်း၌ခင်ပွန်းနှင့်ပေါင်းသင်းစပ်ယှက်ခြင်း မပြူရပေ။အဘယ့်ကြောင့်ဆိုသော် သွေးဆက်လက်၍ စီးဆင်းလာနိုင်သောကြောင့်ဖြစ်ပေသည်။
.........................
၁၀ရက် ၁၀ည အပြည့်လာပြီးမှ ဟိုက်ဇ် လာခြင်းရပ်တန့်သွားလျှင် ရေမချိုးမီအလျှင်လည်း မိမိ၏ ဇနီးနှင့် ပေါင်းသင်းဆက်ဆံခွင့် ရှိခြင်း။
မေးမြန်းချက်။ အကယ်၍ ၁၀ရက် ၁၀ည မပြည့် ဟိုက်ဇ် သွေးဆင်းပြီးနောက် ရပ်တန့်  သွားပါက ထိုအချိန်တွင် ရေမချိုးမီအလျှင် ပေါင်းသင်းစပ်ယှက်ခြင်း ပိုင်ပါသလား။
ဖြေကြားချက်။ ၁၀ရက် ၁၀ည အပြည့်အဝ ဟိုက်ဇ် သွေးဆင်းပါက ရေမချိုးမီ အလျှင်သော်လည်းကောင်း။ရေချိုးပြီးနောက်မှသော်လည်းကောင်းပေါင်းသင်းစပ်ယှက်ခြင်းမှ အခွင့်ရှိသွားပေသည်။
............................
(ဖသာဝါအဆ်အဒီယဟ်အတွဲ၃ စာ ၁၈၇.၁၈၈)
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment