Sunday, 8 March 2015

ဟိုက်ဇွ်၊ နေဖားစ်၊အစ်သေဟာဇွဟ်၊တို့နှင့် ပတ်သက်သောအခန်း။(6)

`နမာဇ် ဝတ်ပြူ နေချိန် ဟိုက်ဇ် သွေးဆင်းသော် ၎င်း နမာဇ်ကို ကဇွာပြူရမည်လော။

မေးမြန်းချက်။ အမျိုးသမီးတစ်ဦးအား ဖွရဇ် နမာဇ် ဝတ်ပြုချိန်တွင် ဟိုက်ဇ် သွေးဆင်းပါက ထိုနမာဇ်မှ ခွင့်လွှတ်မူရရှိပါသလား၊ သို့ ပြန်၍ သန့်စင်သော ရက်တွင် ဖြည့်စွက်ရမည်လော။ ရိုဇာဟ် နှင့် ပတ်သက်၍လည်း မည်သို့ အမိန့် ရှိပါသနည်း။

ဖြေကြားချက်။ အကယ်၍ နမာဇ်ဝတ်ပြူချိန်တွင် ဟိုက်ဇ် လာပါမူ ထိုနမာဇ်ကို ဖျက်လိုက်ရမည်။ ၎င်းနမာဇ်ကို ပြန်လည်ဖြည့်စွက်ရန်လည်း တာဝန် မရှိပေ။ လွတ်ကင်းမူရရှိသွားပေသည်၊ အကယ်၍ နဖိလ် သို့ စန္နသ် နမာဇ်တွင် ဟိုက်ဇ် လာပါမူ ထိုနမာဇ်၏အစား ကဇွာပြန်လည်ဖြည့်စွက်ရမည်၊ ၎င်းအပြင် အကယ်၍ ရိုဇတစ်ဝက်မျှတွင် ဟိုက်ဇ် လာပါမူ ထို ရိုဇာဟ် သည်လည်း ပျက်သွားပါသည်၊ သန့်ရှင်းသော ရက်များတွင် ပျက်ကွက်ခဲ့သော ရိုဇာဟ် အားလုံး ပြန်လည်၍ အစားဖြည့်စွက်ရမည်။
..........................
နမာဇ် တစ်ခု၏ နောက်ဆုံးအချိန်တွင် ဟိုက်ဇ် သွေးဆင်းသော် ၎င်းနမာဇ်သည် ခွင့်လွှတ်မူ ရရှိသွားခြင်း ကဇွာ ပြန်လုပ်ရန်မလို။

မေးမြန်းချက်။ အကယ်၍ နမာဇ်၏ နောက်ဆုံးအချိန်တွင် ဟိုက်ဇ် သွေးဆင်းလေသည်၊ ၎င်းနောက်တွင်လည် ထိုနမာဇ်ကို မဖတ်ရပါက မည်သို့ ပြုရမည်နည်း။

ဖြေကြားချက်။ အကယ်၍ နမာဇ်၏ နောက်ဆုံးအချိန်တွင် ဟိုက်ဇ် သွေးဆင်းလာပါမူ ထိုနမာဇ်မှ ခွင့်လွှတ်မူ ရရှိပေသည်၊ ပြန်လည် ဖြည့်စွက်ရန် မလိုအပ်ပေ။
.......................
ရာသီလာချိန် မိမိ၏ ခင်ပွန်းနှင့် ပေါင်းသင်းဆက်ဆံခြင်းမှလွဲ၍ အခြားအမူကိစ္စများပြုပိုင်ခြင်း။

မေးမြန်းချက်။ ဟိုက်ဇ် သွေးဆင်းသော ရက်ကာလ အချိန်တွင် မိမိ၏ ခင်ပွန်းအမျိုးသားနှင့် နီးကပ်စွာ နေထိုင်ခြင်း စသည် အမူကိစ္စများအား ပြူပိုင်ပါသလား။

ဖြေကြားချက်။ ဟိုက်ဇ် သွေးဆင်းသော ရက်ကာလ တွင် မိမိ၏ ခင်ပွန်းအမျိုးသားနှင့် သံဝါသမူပြူခြင်း၊ပေါင်းသင်းဆက်ဆံခြင်း၊ ချက်မှ ဒူးအထိ အဝတ်မပါ တစ်ဦးနှင့်တစ်ဦးပူးတွေ့ထိကပ်ခြင်းသည် မပိုင်ချေ။ သို့သော် အတူစားသောက်ခြင်း၊အတူတကွလဲလျောင်းခြင်း၊ စကားပြောဆိုခြင်း စသည်များပြူလုပ် ပြောဆိုခွင့် ရှိပါသည်။

(ဖသာဝါ အဆ်အဒီယဟ်အတွဲ ၃ စာ ၁၈၆.၁၈၇။)

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment