Sunday, 30 August 2015

စွန္နသ်တော်များကိုလေးစားလိုက်နာခြင်း✔✔✔✔✔

စွန္နသ်တော်များကိုလေးစားလိုက်နာခြင်း✔✔✔✔✔

အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ပြီဆိုတာနဲ့ သူမကို
ဖျက်ဆီးဖို့ ရှိုင်သွာန်တစ်ကောင်းဟာအမြဲအတူရှိနေပါတယ်
အပြင်ထွက်ရင် "ဘေပရ်ဒဟ်" နဲ့ သူစိမ်းအမျိုးသားတွေ မိမိ
ဘက်ကိုအာရုံပြုလာအောင် ၊ မိမိဘက်ကို ကိုင်းညွတ်လာ
အောင် နည်းမျိုးစုံနဲ့ ပြုပြင်ဖြီးလိမ်းချယ်သပြီး မလုံ့တလုံ
အဝတ်အစားတွေကို ဝတ်ဆင်တယ်။

သူစိမ်းယောက်ျားတစ်ယောက် မိမိကိုယ်မြင်လိုက်တာ
နဲ့ ရာဂစိတ်တွေနိုးကြွပြီး "ဇေနာ" သူတစ်ပါးသားမယားကို
ပြစ်မှားကျူးလွန်ချင် လာအောင် တိုက်တွန်းအားပေးနေ
တယ်။

အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)က ခန္ဓာကိုယ်အပြင်
ပိုင်းဆိုင်ရာနဲ့အတူ အတွင်းပိုင်း နှလုံးသားကိုပါ သန့်ရှင်း
အောင် "ပရ်ဒဟ်" လုပ်ဖို့ မိန့်တော်မူထားပါတယ်။

အီမာ့န်ရှင်အမျိုးသမီးတစ်ဦးဟာ "ဘေပရ်ဒဟ်" နဲ့ မိမိ
အိမ်အပြင်ထွက်ရင် "ဂိုနာကဗီရာ" ကြီးမားတဲ့ပြစ်မှုကိုကျူး
လွန်သူတွေရဲ့ စာရင်းထဲမှာ ပါသွားပါမယ်။ ဒါကြောင့်မလွှဲ
မရှောင်သာလို့ အပြင်ထွက်မယ်ဆိုရင်"ဘွရ်ကအ်၊နေကာဗ်"
နဲ့ စန္နသ်တော်နဲ့အညီ ဝတ်စားဆင်ယင်ပြီးမှ ထွက်ကြရပါ
မယ်။

သမီးတော် ဖာသွေမာ(ရသွ)သခင်မက အမိန့်ရှိပါတယ်။
"အမျိုးသမီးတစ်ဦးသည် သူစိမ်းအမျိုးသားတို့ကို မကြည့်ရှု
ခြင်းနှင့် မိမိအား မည်သည့်အမျိုးသားကမှ မမြင်မတွေ့စေ
ခြင်းသည် အမွန်မြတ်ဆုံး လုပ်ရပ်တစ်ခုဖြစ်ကြောင်း အမိန့်
ရှိထားပါတယ်။

တမန်တော်မြတ်(ဆွ) မိန့်တော်မူထားပါတယ်။ အလို
သဘောကတော့ "ပရ်ဒဟ်"နဲ့နေထိုင်တဲ့အမျိုးသမီးများတွေ
ဟာ အမွန်မြတ်ဆုံးသော သူမများဖြစ်တယ် လို ဂုဏ်ယူပြီး
မိန့်တော်မူထားပါတယ်။

ဒါ့ကြောင့် ကျွန်မတို့အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့
ဝတ်စားဆင်ယင်မှုဟာ စွန္နသ်တော်နဲ့ကိုက်ညီတဲ့ ဘွရ်ကအ် ၊နေကာဗ် တို့ကို ဝတ်ဆင်ပြီး မိမိတို့ရဲ့ခန္ဓာကိုယ်ကို အမြဲတမ်း "ပရ်ဒဟ်" ပြုထားရမှာ
ဖြစ်ပါတယ်။

စွန္နသ်တော်နှင့်ကိုက်ညီတဲ့ဝတ်စားဆင်ယင်မှုဟာ ၊ဖခင်
အကို ၊ မောင် ၊ ဦးကြီး ၊ ဦးလေး ၊ ဘကြီး ၊ ဘဒွေး ၊ ခင်ပွန်း
တို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ဝတ်စားဆင်ယင်မှုဖြစ်
ပါတယ်။

သမီးက ဖခင် ၊ အကို ၊ မောင်တွေရဲ့ရှေ့မှာ လုံချည်
ရင်လျှားပြီး "ဘေပရ်ဒဟ်" နဲ့နေခြင်းဟာ "ဟရာမ်" ဖြစ်ပါ
တယ်။ မြင်တွေ့နေရတဲ့ ဖခင် ၊ အကို ၊ မောင်တွေကိုလည်း
ဟရာမ်ကို ကျူးလွန်စေတဲ့ သူမဖြစ်ပါတယ်။

ကျွန်မတို့ မိခင်တွေဟာ သမီးအပျိုဖော်ဝင်လာပြီဆို
တာနဲ့ သမီးက "အမား ၊ ဘယ်မိန်းကလေးက ဘယ်လိုပုံစံ
ကိုဝတ်နေတာ အရမ်းလှတာပဲ သမီးကိုလည်း အဲဒီပုံစံလေးဝယ်ပေးပါ လို့ ခေါင်းဝှေ့လိုပ်တာနဲ့ ဝယ်ပေး
ဖို့အဆင်သင့်ဖြစ်သွားတယ်။

သမီးက မော်ဒယ်အဝတ်အထည်ဖြစ်တဲ့ မလုံ့တလုံ အ
ဝတ်အစားဝတ်ပြီး အပြင်ထွက်သွားရင် ၊ ဟယ် ငါ့သမီးက
အရမ်းလှတာပဲ လို့ ပြောပြီးကြည့်လို့မဆုံး တပြုံးပြုံးနဲ့ ဂုဏ်
ယူမဆုံးအောင် ဖြစ်နေတယ်။ ရှိုင်သွာန်ရဲ့ ထောင်ချောက်
ထဲကို လုံးလုံးလျားလျားကြီး မိသွားတာကို မသိလိုက်ရှာ
ဘူး။

ရှိုင်သွာန်က အညှိုးကြီးကြီးနဲ့ မိမိနဲ့အတူတူ ဂျဟန္နမ်ထဲ
ကို ဝင်ရောက်ဖို့ ဖျက်စီးနေတာကို မသိရှာတာ ဝမ်းနည်းစ
ရာပါပဲ။

ပရ်ဒဟ်မပါဘဲသွားလာသူဟာ ရှိုင်သွာန်ရဲ့ "ဇနီး" ဖြစ်
ပါတယ်။ ဦးခေါင်းပေါ်မှာ ပုဝါမခြုံတဲ့အမျိုးသမီးဟာ ရှိုင်
သွာန်ရဲ့ "သမီး" ဖြစ်ပါတယ်။

တမန်တေိာမြတ်ကြီး(ဆွ)ကလည်း မိမိစိတ်ကို "ဂျိဟာဒ်"
ပြုလုပ်ခြင်းဟာ အကြီးမာဆုံး "ဂျိဟာဒ်" ဖြစ်တယ်လို့ မိန့်
တော်မူထားပါတယ်။

နဖ်စ်နဲ့ရှိုင်သွာန်ရဲ့ဖြားယောင်းမှုမှ လွတ်ကင်းမှုရရှိစေဖို့
စွန္နသ်တော်များကို လေးစားလိုက်နာရင်း စွန္နသ်တော်နဲ့
ကိုက်ညီတဲ့ သက်တမ်းပိုင်ရှင်အဖြစ် ကျွန်မကိုရော ၊ အီမာ့န်ရှင် မောင်နှမများကိုရော ၊ ကမ္ဘာအွမ္မသ်ထုတသ်ရပ်
လုံးကိုပါ ချီးမြှင့်တော်မူပါစေ။ (Aameen)

လေးစားစွာဖြင့် ချစ်သမီးလေး အာစီယဟ်##


No comments:

Post a Comment