Friday, 6 November 2015

အစ္စလာမ်အမျိုးသမီးများဝတ်ဆင်သော ‪#‎ဟီဂျားဘ်‬ အကြောင်း သိကောင်းစရာ

ဒီကနေ့ ကျွန်မတို့ မွတ်စ်လင်မ် အမျိုးသမီးထုဟာ ပရ်ဒါဟ်ကျင့်သုံးမှု နဲ့ ပတ်သတ်ပြီး အပြင်းအထန်ဝေဖန်ခံနေရတယ်။ လှောင်ပြောင် သရော်ဒဏ်တွေ ခံနေရတယ်။ ခေါင်းမြီးခြုံ သူ ခေတ်နောက်ကျသူ အမြင်
ကျဉ်းမြောင်းသူဆိုပြီး စွပ်စွဲပြောဆိုနေကြတယ်။
ဒါတွေကို စိုးရိမ်ဖို့ ကြောက်လန့်ဖို့ ကျွန်မတို့ အနေနဲ့ တစ်စိုးတစ်စိ မှ မလိုအပ်ပါဘူး။ ....ဘာကြောင့်လဲ???????.
***ကျွန်မတို့ဟာ မိမိ ကိုယ်ပိုင် ခံယူချက်နဲ့ ယုံကြည်မှုကို လက်ကိုင်ထားပြီး ရပ်တည်နေကြသူတွေဖြစ်လို့ပါပဲ။***
လူတွေရဲ့ ခံယူချက် စွပ်စွဲဝေဖန်ချက်ကို ကျွန်မတို့ ဂရုစိုက်စရာမလိုအပ်ကြဘူး။
ဒါပေမဲ့ ဖန်ဆင်းရှင်ရဲ့ အမိန့်နဲ့ နှစ်ဘဝသခင် ကျေးဇူးရှင် တမန်တော်မြတ်ကြီး(ဆွလွလ္လာဟ်ဟု အလိုင်းဟိဝစလ္လမ်) ရဲ့ လမ်းညွန်မှု နဲ့ ပတ်သတ်ပြီး မကျေပြွန်ရမှာကို စိုးရိမ်ရမှာ ဂရုစိုက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ အမျိုးသမီးတွေ ဟာ ဘာကြောင့် ဟီဂျားဘ်ကို ကျင့်သုံးဝတ်ဆင်
နေရလဲဆိုတာနဲ့ပတ်သတ်ပြီး အမေအစ်မတွေ ရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်
်အောင် တင်ပြလိုက်ပါတယ်။
=======================
အလ္လာဟ်အရှင်မြတ်ဟာ ကုရ်အာန် ကျမ်းတော်မြတ်ရဲ့ စူရာဟ်နူးရ် ကဏ္ဍမှာ -
"ထိုပြင် (တမန်တော်) အသင်သည် အီမာန်သက်ဝင်
ယုံကြည်သူ အမျိုးသမီးများအားပြောလိုက်ပါ။
သူမတို့သည် သူမတို့၏ မျက်စိများကို အောက်သို့ နှိမ့်ချထားကြရမည်။ထိုပြင် သူမတို့သည် သူမတို့၏ အရှက်အင်္ဂါကို (တရားမဝင်ကာမ )ကျူးလွန်ခြင်းမှ ထိန်းသိမ်းကြရမည်။ထိုပြင်သူမတို့သည် သူမတို့ (မလွဲ မရှောင်သာ)ပေါ်သော သူမတို့ ၏ အလှအပ မှလွဲ၍ ကျန်အလှအပများကို မဖော်ကြရပေ။ ထိုပြင် သူမတို့၏ အပေါ်ရုံ (ပုဝါ)များကိုသူမတို့ ရင်ဘတ်များ
ပေါ်သို့ ချထားကြရမည်။"
ဖုံးကွယ်ဖို့ ဖြစ်နိုင်တဲ့ အပေါ်ဝတ်ရုံ(ဘုရ်ခါ)နဲ့ထိုဘုရ်ခါ ပေါ်မှအလှချယ်ထားသောအရာလို့ပြန်ဆိုထားပါ
တယ။် အလှချယ်ခြင်း ဆိုတာ (ဥပမာ--
ဘော်ထိုးထားခြင်း ၊ ကွန်ပျူတာပန်းထိုးခြင်း များ) ဖြစ်ပြီး ထိုအရာတွေကလွဲပြီး ဘယ်အရာ မှ သူစိမ်တွေ အရှေ့တွင် ဖော်ခွင့်မရှိပေ။ ဒီလို ပရ်ဒါဟ်နဲ့ နေခြင်းမှာ မလိုလားအပ်သော ပြဿနာ အပေါင်းမှကာကွယ်ပြီးသားဖြစ်သွားပါတယ်။

အဲ့ဒီ အာယသ်ရဲ့ နောက်ဆက်တွဲဟာ
အမျိုးသမီးများဟာ အမျိုးသား/သမီး ၁၀ ဦး ရဲ့ အရှေ့မှာ ပရ်ဒါဟ်အပြည့်မဟုတ်ဘဲ နေထိုင်ခွင့်ရှိတဲ့အကြောင်းဖော်ပြထားပါတယ်။
၁။ မိမိ၏ လင်ယောကျာ်းများ
၂။ မိမိ၏ ဖခင်များ
၃။ လင်ယောကျာ်း၏ ဖခင်များ
၎။ မိမိ၏ သားများ
၅။ ယောကျာ်း၏ သားများ
၆။ အစ်ကို၊ မောင်များ၏ သားများ
၇။ အစ်မ၊ ညီမ များ၏ သားများ
၈။ မိန်းကလေး အချင်းချင်းများ
၉။ ကျွန်မ များ
၁၀။ အရွယ်မရောက်သေးသော ၊ မိန်းကလေးအကြောင်း နားမလည်သေးသော ကလေးသူငယ်များဖြစ်ပါတယ်။
ပါရ်ဒါဟ် အပြည့်မဟုတ် ဟုဆိုလိုချက်က ဖော်ပြခွင့်ရှိတဲ့ အစိတ်အပိုင်း (မျက်နှာခြေ လက်) အစရှိတဲ့ အစိတ်အပိုင်းကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းကို ဖုံးအုပ်ခြင်းဖြစ်ပါတယ်။
ကျွန်မတို့ နှလုံးသွင်းရမှာက အလ္လာဟ်
အရှင်မြတ်ဟာကျွန်မတို့မတတ်စွမ်းနိုင်
တဲ့အရာကို ထမ်းဆောင်ဖို့ တာဝန်မပေးထားပါဘူး။
""အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သူတစ်ဦး
တစ်ယောက်ကိုမှ ၄င်းစွမ်းရည်ထပ်ပို၍ တာဝန်
ထမ်းဆောင်စေတော်မူမည်မဟုတ်ပေ။ ၄င်းအပြင် ငါအရှင်မြတ်ထံတော်တွင် မှတ်တမ်းစာအုပ်တစ်အုပ်
ရှိနေပေရာ ထို မှတ်တမ်းစာအုပ်သည် တိကျမှန်
ကန်စွာ ပြောဆိုမည်ဖြစ်သည်။"
(ကုရ်အာန် ၂၃: ၆၂)
ဒါကြောင့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်နဲ့ စပ်လျဉ်းပြီးတော့ အပြည့်အဝ လိုက်နာဖို့ ကျွန်မတို့ အဖန်ဆင်းခံတွေမှာ အပြည့်အဝ တာဝန်ရှိပါသလို တမန်တော်မြတ် (ဆွ) မိန့်ကြားထားတော်မူတဲ့ ပရ်ဒါဟ်လုံခြုံမှုနဲ့မိမိ ကိုယ်ကိုနေထိုင်ကြရမှာ
ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို မနေထိုင်လို့ဘာဖြစ်မလဲ ?? မေးရင်တော့ ဘာမှမဖြစ်ပါဘူး!!
ဒါဟာ ‪#‎ကိုယ်ပိုင်ရွေးချယ်မှုပါပဲ‬!!
ဘယ်လူသားမဆို မိမိတို့ပြုကျင့်နေထိုင်သလိုပဲ မိမိရဲ့ ဖန်ဆင်းရှင်နဲ့ ကိယာမသ် (အကောင်းအဆိုး စီရင်တဲ့နေ့)မှာ စာရင်းရှင်းရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟီဂျားဘ်ဆောင်းပြီး မိမိကိုယ်တိုင် လုံခြုံမှု ရယူတဲ့အခါ ကျွန်မတို့ကို ပတ်ဝန်းကျင်က
အဖိနှိပ်ခံသင်္ကေတကြောင့်ဝတ်ဆင်တာလား??
ဆိုတဲ့သံသယမျက်လုံးတွေနဲ့ရင်ဆိုင်နေရတယ်။ "ဘာသာရေး အစွန်းရောက်သူ"တစ်ယောက်လို ဝေဖန်ရှုံ့ချဖို့ အဆင်သင့်ပြင်နေတဲ့သူတွေ ရဲ့ စွပ်စွဲမှုတွေကို အနည်းနဲ့အများအလူးအလဲ
ခံရပါတယ်။
ကျွန်မရဲ့ အတွေ့အကြုံအရပြောရရင် ..
ကျွန်မ ဟီဂျားဘ်ကို စတင်ဝတ်ဆင်ပြီး ရက်အနည်းငယ်ခန့်က ကျွန်မဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တော့သလို ခံစားခဲ့ရဖူးတယ်။ တကယ်လို့ အကြောင်းတစ်ခုခုရှိလို့ နေရာတစ်ခုသွားလိုက်ရင် ယခင် လမ်းမှာကြုံနေကျ မိတ်ဆွေတွေဟာ ကျွန်မကို ပြုံးပြဖို့ တွန့်ဆုတ်သွားကြတယ်။အခေါ်အပြော
ဆက်ဆံရေးကျဲသွားကြတာ သိသိသာသာကို ခံစားလိုက်ရတာပါပဲ။
ဒီခံစားချက်တွေက ပထမဆုံးပူပူနွေးနွေး
ခံစားရတော့ ဘယ်လောက်ပြင်းထန်လဲ??ဲ ဆိုတာကြုံဖူးသူမှသာ သိပါလိမ့်မယ်။ ကိုယ်က ခင်မင်လို့ အသွားအလာစကား
ပြောဖြစ်ရင်တောင် တစ်ခြားသူတွေက သူတို့ကိုများ အပြစ်တင်ကြလေမလားဆိုပြီး စကားကို ဖြတ်ပြီး သွားလိုက်သူတွေရှိသလို ကျွန်မနဲ့စကားပြောရတာ အလွန့်အလွန် အပြစ်ရှိသလိုခံစားရတဲ့သူတွေ
လိုမျိုးတွေတွေ့ရတယ်။
အဖွဲ့အစည်းနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့တဲ့ ကျွန်မဟာ ကျွန်မရဲ့ ဦးခေါင်းထက်က ကျွန်မဆံနွယ်ကို လုံခြုံအောင် ပုဝါ ဟီဂျားဘ်ဆောင်းလိုက်ယုံနဲ့တင် အဖွဲစည်းထဲကနေ သိသိသာသာပယ်
ထုတ်လိုက်တာကို လက်တွေ့ခံစားလိုက်ရတယ်။

ဒါဆိုရင် ကျွန်မ ဘယ်လိုခံယူချက်နဲ့ ရပ်တည်ခဲ့တာလဲ??
ကျွန်မဟာ ပြောင်းလဲမှုကို လက်မခံတဲ့ ကျွန်မရဲ့ ပတ်ဝန်းကျင်ကို ပထမဆုံးသုံးသပ်မိတယ်။ မွတ်စ်လင်မ်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ မိမိဘာသာတရားရဲ့ အမိန့်ကို နာခံလိုက်ခြင်းအပေါ် အထင်အမြင်သေးတဲ့ ပတ်ဝန်းကျင်ဆိုတာ ကောင်းကောင်း
သတိပြုမိတဲ့အတွက် အဲ့လို ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှုတွေကို ရှောင်ရှားဖို့ကြိုးစား
လိုက်တယ်။
တစ်ခါတစ်လေ Bus ကားစီးလို့ ကားရဲ့ အရှေ့ဘက်မှာနေရာရရင် ကားတစ်စီးလုံးရဲ့ ခရီးသည်တွေရဲ့ Attention ဟာ ကျွန်မ အဝတ်အစားနဲ့ ကျွန်မ ဟီဂျားဘ် အပေါ်မှာ ရှိနေကြတယ်။ ဘယ်သူက မှ ကျွန်မရဲ့ ကိုယ်ပိုင်အခွင့်အရေးကို စော်ကားခွင့် မရှိဘူးလေ။
နင်တို့ ကုလားတွေက ဘာလို့ အဲ့တာဆောင်းရတာလဲ??
တစ်ချို့တစ်လေက တကယ်မသိတာလား သိလျက်နဲ့ ထိုးနှက်ချင်တာလားမသိပေမဲ့ ဒီလိုမေးတတ်ကြတယ်။
"ဒါဟာ ကျွန်မတို့ အစ္စလာမ်က အမျိုးသမီးတိုင်းကို ပါရ်ဒါဟ်ဆိုတဲ့ လုံခြုံစွာ ဝတ်စားဆင်ယင်စေမှုနဲ့ ဟီဂျားဘ် ခေါ် မြင်ကွင်းမှ ဖုံးကွယ်မှု ကို ပြုလုပ်ဖို့အမိန့်ပေးထားတယ်လေ။ ကျွန်မဟာ မွတ်စ်လင်မ်တစ်ယောက်လေ။ မိမိယုံကြည်တဲ့ဘာသာတရားကို လိုက်နာပြုကျင့်ရမှာပေါ့လို့ "ရဲရဲဝင့်ဝင့် ဖြေလိုက်တယ်။
ဒီလိုကျပြန်တော့ ဟီဂျားဘ် မဆောင်းတဲ့သူတွေ ပါရ်ဒါဟ်မလုပ်တဲ့သူတွေဟာ မွတ်စ်လင်မဟုတ်လိုလား ??ဆိုတဲ့ မေးခွန်းတွေ မေးကြတယ်။
အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတယ်
အို အာဒမ်၏ သားသမီးအပေါင်းတို့ ငါအရှင်မြတ်သည် အသင်တို့၏ အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း (သင်တို့ လှပအောင် ဆင်ယင်ရန်) ဝတ်စားတန်ဆာကို လည်းကောင်း ဖန်ဆင်းတော်မူခဲ့သည်။ သို့ရာတွင် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြည်ခြင်း ဟိရိသြတ္တပ တရားတည်းဟူသော ဝတ်စား တန်ဆာသည်ကား အမြင့်မြတ်ဆုံးပင်ဖြစ်သည်။
(ကုရ်အာန် ၇:၂၆)
ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က လုံခြုံအောင်ဝတ်စားဆင်ယင်ဖို့ အမိန့်ရှိထားတယ်။ ဒီနေ့ ကျွန်မတို့ အထင်ကြီးလေးစား အားကျနေတဲ့ အမေရိကန် အင်္ဂလန် အီတလီ ပြင်သစ် အစရှိတဲ့ အနောက်နိုင်ငံတွေမှာ Non Muslim အမျိုးသမီးတွေ ဘယ်လို ဝတ်စားလဲ??ဲ အားလုံးသိကြမှာပါ။
မိမိ အရှက်အင်္ဂါကို တတ်နိုင်သလောက်ကွင်းကွင်းကွက်ကွက် မြင်အောင်ဖော်ထားတဲ့ အဝတ်တွေ ဝတ်ဆင်ကြတယ်။ လုံခြုံအောင်ဝတ်စားတဲ့သူကိုတောင် အထင်သေးရှုံ့ချတဲ့ ခေတ်ဖြစ်လာပြီ။ အကျိုးဆက်ကိုလေ့လာကြည့်ရအောင်။
တစ်ရက် တစ်မနက်မှာ ဒီလို ဒီမိုကရေစီ နိုင်ငံတွေရဲ့ မိန်းကလေးတွေ အပျိုစင်ဘဝတွေ ဘယ်လောက် ပျက်သွားခဲ့လဲ ? အဖေမပေါ်တဲ့ မိခင်ရဲ့ စောင့်ရှောက်မှု မရတဲ့ မျိုးရိုးမစစ်တဲ့ ကလေးစာရင်းဘယ်လောက်ရှိသွားလဲ??
ဒါတွေဟာ ဒီမိုကရေစီ ပါ။
လွတ်လပ်တဲ့ အုပ်ချုပ်ရေးပါလို့ ရှင်တို့ပြောနေကြတဲ့ နိုင်ငံကြီးတွေလေ။
အကျင့်ဆိုး အကျင့်ပျက်တွေက အရှိန်အဟုန်နဲ့ တိုးမြင့်လာတဲ့ အပေါ် အကြောင်းပြချက်ကောင်းတစ်ခုကို ကျွန်မ သိလိုက်ရတယ်။
ဒါတွေက ကိယာမသ် နီးလို့ပါတဲ့!!
ဒီလို အကျင့်နဲ့ ပတ်သတ်ပြီး ပြင်ဆင်ဖို့ စိတ်ကူးမရှိသလို ထပ်မံကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သူတွေ အတွက် ကျွန်မမှာ ကောင်းမွန်တဲ့ဖျောင်းဖျချက်တော့မရှိပါဘူး။
"ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ် အရှင်မြတ်) အကြောက်ရွံ့ဆုံး အပြစ်များမှ အများဆုံးရှောင်ကြဉ်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အမြင့်မြတ်ဆုံးသောသူဖြစ်၏ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံးသော အကြားတော်မူဆုံးသောအရှင်ဖြစ်ပေသည်။
(ကုရ်အာန် ၄၉: ၁၃)
ကုရ်အာန်ကျမ်းမြတ်ရဲ့ အမိန့်တစ်ချို့ကိုထပ်ပြီးလေ့လာ
ကြည့်ကြပါစို့!!!
ထိုပြင် ထိမ်မြားရန် မျော်လင့်ဖွယ်ရာမရှိသော အဖွားအိုများသည် လှပမှုကို ဖော်ပြခြင်းမဟုတ်ဘဲ သူမတို့၏ (အပို)
အဝတ်များကို ချွတ်ထားခြင်းဖြင့် သူမတို့ အပေါ်တွင် မည်သည့်အပြစ်မှ မရှိပေ။ သို့ရာတွင် သူမတို့လည်း (ထိုသို့ အပိုအဝတ်များ ချွတ်ခြင်း)မှ ရှောင်ကြည်ကြလျှင် သူမတို့ အတွက် အကောင်းဆုံးပင်ဖြစ်သည်။
(ကုရ်အာန် ၂၄:၆၀)
အသက်အရွယ်အိုမင်းနေတဲ့ အ
ဖွားအို အမယ်အိုတွေအတွက် အိမ်နေရင်း ဝတ်တဲ့ အဝတ်နဲ့ အပြင်သွားလာနိုင်တယ်။ ဒါပေမဲ့ သူစိမ်းယောက်ျားက ကာမစိတ်မဖြစ်နိုင်တော့လောက်အောင် အိုမင်းရွတ်တွနေတဲ့ အဘွားအိုတွေ အတွက် ပညတ်ချက်ဖြစ်ပါတယ်။့
အဲ့တာတောင် အလှအပမပေါ်အောင် လုံလုံခြုံခြုံ ဝတ်သွားလျှင် အကောင်းဆုံးဖြစ်တယ်လို့ မိန့်ကြားထားပါတယ်။ (ကုရ်သွုဗီ ။ ဆွဖ်ဝသွသ် သဖာစီရ် အဟ်ကာမွလ် ကုရ်အာန်)
ဒါကြောင့် ပျိုရွယ်သူအနေနဲ့ ဘယ်လို ဝတ်စားသင့်လဲဆိုတာ အမေအစ်မတွေ ခွဲခြားတတ်ဖို့မျှော်လင့်မိပါတယ်။
ကုရ်အာန်ကျမ်းတော်မြတ်နောက်တစ်နေရာမှာ-
"အို (တမန်တော်) အသင်သည် အသင်၏ ကြင်ယာတော်များနှင့် သင်၏ သမီးတော်များအပြင် အီမာန်ယုံကြည်သူများ၏ ဇနီးမိန်းမ များကိုလည်း သူမတို့သည် သူမတို့၏ အပေါ်ခြုံထည် ( စောင် သို့ ပုဝါ စသည်)များကို သူမတို့အပေါ် ဖုံးကွယ်နိုင်လောက်အောင်တွဲလောင်းချထားကြရမည် ဟုပြောလိုက်ပါ။ ဤသည် သူမတို့ကို ခွဲခြားမှတ်မိရန် ပိုနီးစပ်သည်။ သို့ဖြစ်ပေရာ သူမတို့သည် နှောင့်ယှက်ခြင်းခံရမည် မဟုတ်ပေ။"
(ကုရ်အာန် 33:59)
အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်ဖို့ အစ္စလာမ်ကသာ အမိန့်ပေးမထားဘူးဆိုရင် ကျွန်မတို့ အမျိုးသမီးထုရဲ့ အနာဂတ်ကို စဉ်းစားကြည့်ကြပါ။ သိုးတွေကို ကျားအုပ်ကဆွဲသလို အမေအစ်မတွေ ကိုယ်ကျိုးနည်း မှာ ဖြစ်ပါတယ်။
ဟီဂျားဘ်ဟာ ကျွန်မတို့ မွတ်စ်လင်မ် မိန်းကလေးတွေရဲ့ အမှတ်အသားဖြစ်တယ်။ အမျိုးသမီးတစ်ယောက်ကို အမြင်အားဖြင့် ထိုအမျိုးသမီးဟာ အစ္စလာမ်ဘာသာဝင်လားဆိုတာ ခွဲခြားနိုင်ပါတယ်။
အဝတ်အစား လုံခြုံစွာ ဝတ်ဆင်ဖို့ အမိန့်ရှိတဲ့ အပေါ် အမေအစ်မတွေ စောဒကမတတ်ကြပါနဲ့။
အမျိုးသမီးတစ်ယောက်ဟာ အဝတ်အစားဘယ်လောက် တိုတို ပြတ်ပြတ်ဝတ်မလဲ ဒါဟာ သူမ အဆင့်အတန်းဖြစ်သွားပါတယ်။
အနောက်နိုင်ငံရဲ့ လွမ်းမိုးမှုတွေ ရိုင်းစိုင်းတဲ့ ဓလေ့တွေကို မှိုင်းမမိကြစေဖို့ အရေးကြီးပါတယ်။
အမေအစ်မတို့ စဉ်းစားကြည့်ဖူးလား??
အတိုအပြတ်ဝတ်တိုင်းသာ ခေတ်မှီကြေးဆိုရင်
ဘာကြောင့် အမျိုးသမီး သံတမန်တွေ အမျိုးသမီး ဝန်ကြီးချုပ်တွေ သမ္မတ ကတော်တွေဟာ မီနီစကတ် တွေ ပါးလွာတဲ့ ကိုယ်လုံးပေါ်
အဝတ်အစားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မတတ်ရောက်တာလဲ??
ဂျူး ဘာသာဝင် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတွေ ရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ လည်ပတ်ပုဝါစ များကို မိမိဦးခေါင်းမှာ ချည်နှောင်ထားပြီး မိမိရဲ့ရိုးရာဓလေ့ ကိုလက်တွေ့ ပြုကျင့်တာကို သိရပါတယ်။ဒီလို ပြုကျင့်တဲ့ အမျိုးသမီးတိုင်းကိုလည်း ဂုဏ် သိက္ခာရှိစွာဆက်ဆံကြသလို ရိုသေလေးစားကြရပါတယ်။
ကျွန်မတို့ အစ္စလာမ်မှာ အမျိုးသမီးတိုင်းဟာ ဘုရင်မ တွေဖြစ်ကြတယ်။အမေအစ်မတွေကို အလွန်ဂုဏ်ပေးလေးစားတယ်။
အခုဒီစာဖတ်နေတဲ့ အမေအစ်မတွေရဲ့ သိက္ခာတရား အရှက်တရားအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်တည်းက ကိုယ်တော်မြတ်ကြီးက ပူပင်ပေးခဲ့တယ်ဆိုတာ မေ့နေကြပြီလား??
(ကိုယ်တော်မြတ်အပေါ် ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ)
သိက္ခာတရား ကို အလေးပေးတဲ့ဘာသာကို ယုံကြည် သက်ဝင်သူကသာ သိက္ခာတရားကို လက်ကိုင်ထားကြရမယ်မဟုတ်ပါလား???
ဒါကြောင့် မိမိတို့ အစ္စလာမ်က အမိန့်ပေးတဲ့အရာတွေကို လိုက်နာကြဖို့ အလွန်အရေးကြီးပါတယ် တကယ်လို့သာ ကျွန်မတို့ဟာ ကျွန်မတို့ပါရ်ဒါဟ်ကို အခြားသူတွေ စော်ကားပုတ်ခတ်တိုင်းသာ
စွန့်ပစ်ကြကြေးဆိုရင်တော့ ‪#‎အလ္လာဟ်အရှင်မြတ်ပေးတဲ့‬ အပြစ်တွေကို ကျွန်မတို့ကိုယ်စားဘယ်သူမှ ကြားဝင် ကယ်တင်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားကြပါ။
"ထိုပြင် ယဟူဒီများနှင့် နတ်ဆ်ွရာနီများသည် သူတို့၏ အယူဝါဒကို အသင် (တမန်တော်) မလိုက်နာသမျှ အသင် (တမန်တော်) ကို မည်သည့်အခါမှ ကျေနပ်ကြမည်မဟုတ်ပေ။ အို (တမန်တော်) အသင်ပြောလိုက်ပါ ။ အလ္လာဟ်အရှင်မြတ်၏ လမ်းညွန်ပြသမှုသာလျှင် လမ်းညွန်ပြသမှုအစစ်ဖြစ်သည်။ ၄င်းအပြင် အကယ်၍ အသင်(တမန်တော်)သည် အသင့်ထံအသိပညာ ရောက်ရှိပြီးနောက် သူတို့၏ လိုအင် ဆန္ဒများနောက်သို့ လိုက်ခဲ့မည်ဆိုလျှငှ်
အသင်တမန်တော်အတွက် အလ္လာဟ်အရှင်မြတ်၏ (အရေးယူမှု)မှ
(လွတ်မြောက်စေရန်) ကာကွယ်စောင့်ရှောက်မည့်သူနှင့် ကူညီရိုင်းပင်းမည့်သူ မည်သူမှ ရှိမည်မဟုတ်ပေ။"
(ကုရ်အာန် 2:120)
တမန်တော်မြတ်(ဆွ)က
တစ်ဆင့် အလ္လာဟ်အရှင်မြတ်က ကျွန်မတို့အားလုံးကို သတိပေးတာဖြစ်ပါတယ်။
အစ္စလာမ် တရားတော်ရဲ့ အမိန့်ကို နာခံရင် ဘယ်လို ပြုမူကြမယ်!! ဘယ်လို ဆက်ဆံမလဲဆိုတာ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ် ကုရ်အာန် မိန့်ထားပြီးသားဖြစ်ပါတယ်။ ကျွန်မတို့ အတွက် တုန်လှုပ်စရာမလို ပါဘူး
ယနေ့ ကမ္ဘာက မာသာထရီစာကို အထင်ကြီး သိက္ခာပေးပြီး နိုဘယ်လ်ဆုရှင်အဖြစ် ဝိုင်းပြီးလေးစား ဂုဏ်ယူကြတယ်။သူမ ဝတ်ဆင်တဲ့ ဟီဂျားဗ်ကို လျစ်လျူရှုပြီးတော့ပေါ့..
ဘာကြောင့် မွတ်စ်လင်အမေအစ်မတွေ ထူးချွန်ရက်နဲ့ ဟီဂျားဗ်ကြောင့် အလုပ်နေရာရဖို့ အလွန်ခက်ခဲကြတာလဲ??
ဒါဟာတကယ်တော့ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ အားလုံးနားလည်နိုင်ကြပါတယ်။ ကာဖိရ် ယဟူဒီတွေဟာ ကျွန်မတို့ မွတ်စ်လင်မ်တွေကို ဖိနှိပ်ဖို့ နေရာမပေးဖို့ အစ္စလာမ်ရဲ့ တရားတော်တွေကို ‪#‎ဖျောက်ဖျက်ပစ်ဖို့ဆိုတာ‬အသိသာဆုံးပါပဲ။
ဒါကြောင့် အမေအစ်မတွေကို မေတ္တာရပ်ခံပါတယ်။ အမေအစ်မတို့ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြပါ။ အစ္စလာမ်တရားတော်ဟာ ခေတ်တိုင်း အခြေအနေတိုင်း အလွန်သင့်မြတ်မှန်ကန်
ပါတယ်။
ဒီလို ဟီဂျားဘ်ပုဝါဆောင်းယုံ အဝတ်ကို
လုံခြုံစွာဝတ်ယုံနဲ့ ဘာထူးလဲ???မေးရင်

နှစ်ဘဝအတွက် အလွန်အကျိုးရှိတယ်ဆိုတာ ပြောချင်တယ်။ ဒွန္နိယာလောကမှာ အများသူငှာက ဂုဏ်ပေးလေးစားမယ်။ အမိန့်နာခံတဲ့ အမျိုးသမီးစားရင်းဝင်မယ်။ အာခိရသ်မှာ ပါရ်ဒါဟ်ရှင်
အမျိုးသမီး အဆင့်အတန်းကို ရရှိမယ်။
ပြီးတော့ ပါရ်ဒါဟ်ရှင် အမျိုးသမီးတစ်ယောက်ရှိရင် ထိုသူမကို ဂုဏ်ပေးလေးစားပါ။ သူမရဲ့ မကောင်းကြောင်းကို အမေအစ်မတို့ မပြောမိပါစေနဲ့။ ထိုပါရ်ဒါဟ်ရှင် အမျိုးသမီးဟာ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်တဲ့ အမျိုးသမီးဖြစ်ပါတယ်။
ဒါကြောင့် ဒီpost လေးကို ဖတ်ပြီးတော့ အမေအစ်မတွေ အနေနဲ့ ကိုယ်တိုင်လည်း ကျင့်သုံးကြပါ။ ပတ်ဝန်းကျင်က သူတွေကို လည်း ဒါအ်ဝသ်ပေးပါ။ ကိုဟ်တော်မြတ်ကြီး (ဆွ) ဟာ မိမိတစ်ယောက်တည်း နဲ့ သိန်းသန်းမက တဲ့ သူတွေ အီမာန်ကို လက်ခံအောင် ဒါအ်ဝသ်ပေးဖိတ်ခေါ်ခဲ့တယ်လေ ။ ကျွန်မတို့ဟာ ကိုယ်တော့်ရဲ့ အွမ္မသ်တွေ ဖြစ်ကြတယ်။
ကျွန်မတို့မှာ
ဒါအ်ဝသ်ရဲ့တာဝန်အပြည့်အဝရှိပါတယ်။
အမျိုးသား ဖတ်တယ်ဆိုရင်လည်း မိမိဇနီးကို ဒါအ်ဝသ်ပေးပါ။ အမျိုးသမီးဆိုရင်လည်း မိမိတို့သားသမီးတွေ အိမ်နီးချင်းတွေ မိသားစုမှ အမေအစ်မတွေကို ပါရ်ဒါဟ်နဲ့ ပတ်သတ်လို့ ဒါအ်ဝသ်ပေးကြပါ လို့
အမေအစ်မတွေရဲ့ ကောင်းကျိုးကိုလိုလားပြီး ကျွန်မ ရဲ့ ပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။
အမေအစ်မတွေအားလုံး စစ်မှန်တဲ့ ယကီးမ်နဲ့ ကိုဟ်တော်မြတ်(ဆွ) မိန့်တော်မူတဲ့ မှန်ကန်တဲ့ တရားတော်များ လိုက်နာကျင့်သုံးရင် အီမာန်နဲ့ အသက်ကိုမွေးမြူနိုင်ပါစေ။
လေးစားလျက်
Ei Thazin Pwint

No comments:

Post a Comment