(၉)နှစ်အောက် ကလေးငယ်မလေးများ၏ သွေးဆင်းခြင်းသည် ဟိုက်ဇ် မဟုတ်ခြင်း။
မေးမြန်းချက်။ အသက် ၉ နှစ် မပြည့် သေးသော ကလေးငယ်မလေး၏ သွေးဆင်းခြင်းကို မည်သို့ သက်မှတ်ရမည်နည်း။
ဖြေကြားချက်။ (၉)နှစ်အလျှင် ဟိုဟ်ဇ် ခေါ် ရာသီ ပန်းမပွင့်ချေ။ ထိုအတွက် ကြောင့် (၉)နှစ် အောက် အမျိုးသမီး လေးများ သွေးဆင်းပါက ထိုသွေးသည် ဟိုက်ဇ် သွေး မဟုတ်ပေ၊ အိစ်သေဟာသွဟ် ရောဂါသွေး ပင်ဖြစ်ပေသည်။
..................
လစဉ် ၃ရက် လာနေရာမှ ဓလေ့ ပြောင်းပြီး ပို၍လာပါက မည်သို့ သက်မှတ်သနည်း။
မေးမြန်းချက်။ အမျိုးသမီးတစ်ဦးမှာ လစဉ် ၃ရက် သို့၎ရက် ရာသီသွေး ဆင်းလေသည်၊ တစ်ဖန် အခြား လတွင် ပို၍ ရာသီသွေးဆင်းလေသည်၊ သို့သော် ၁၀ရက် ၁၀ည မရှိပေ၊ ထိုအခါ ၎င်းသွေးသည်၊ ဟိုက်ဇ် သွေးဖြစ်ပါသလား။
ဖြေကြားချက်။ ထိုရက်များအတွင်း လာသမျှအားလုံး ဟိုက်ဇ် သွေး ပင်ဖြစ်သည်။ အကယ်၍ ၁၀ရက် ၁၀ညထက် ပင် ကျော်၍ သွေးဆင်းပါက မူလ ပုံမှန်ဓလေ့ လစဉ်လာ နေကျ ရက်များသာ ဟိုက်ဇ် ဖြစ်၍ ကျန်သော ရက်များမှာ အိစ်သေဟာသွဟ် ရောဂါသွေးဖြစ်ပေသည်။ ဥပမာ...အမျိုးသမီး တစ်ဦးသည် လစဉ် ၃ရက် ၃ည မျှ သာ ဟိုက်ဇ် ဆင်းလေသည်။ သို့်သော် အခြား လတွင် ၉ရက် ၉ည၊ ၁၀ရက် ၁၀ည မျှသွေးဆင်းလေသည်၊ ထိုရက်များအားလုံးသည် ဟိုက်ဇ် သွေးပင် ဖြစ်သည်ဟုမှတ်ယူရမည်။ အကယ်၍ ၁၀ရက် ၁၀ည ထက် ကျော်လွန်ကာ အနည်းငယ် မျှ အချိန်လေးပင် ပို၍ သွေးဆင်းပါက ပုံမှန် လစဉ် လာနေကျ ၃ရက် ၃ည သည် ဟိုက်ဇ် ဖြစ်၌ ထိုရက်မှ ကျော်သမျှ ရက် အာူလုံးသည် အိစ်သေဟာသွဟ် ရောဂါသွေး ပင် ဖြစ်သည်၊ ၎င်း ရက်များ၏ နမာဇ် ကဇွာ ပြန်၍ ဖတ်ရန် ဝါဂျီဗ် ဖြစ်ပေသည်။
(ဖသာဝါအဆ်အဒီယဟ်ကျမ်း၊အတွဲ၃၊ စာမျက်နှာ ၁၈၃)
ဦးနှောက်ကို ရှင်းရှင်းလေးထားပြီး တစ်ချက်ဆီကို သေသေချာချာဖတ်ပါ၊
သဘောပေါက်ပါလိပ်မယ်၊အင်န်ရှာအလ္လာဟ်။
မော်လ၀ီနူးရ်အဟ်မဒ်@Ahmad Mgk
No comments:
Post a Comment