Saturday, 21 February 2015

အေစ်လာမ့်ရှု့ထောင့် မှ အရှက်တရား

အေစ်လာမ့်ရှု့ထောင့် မှ အရှက်တရား
==========================
ကောင်းခြင်းရဲ့ နမိတ်လက္ခဟာ အရှက်တရားရှိခြင်းဖြစ်ပြီး မကောင်းခြင်းရဲ့လက္ခဏာဟာ အရှက်တရားကင်းမဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် ဟဒီးဆ်တော်မှာလာတယ်။
((အရှက်တရားဟာအီမာန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်))
သာသနာတိုင်းမှာအသီးသီးအကျင့်စာရိတ္တတွေရှိတယ်။အေ့စ်လာမ်ရဲ့ စာရိတ္တဟာ အရှက်တရားရှိခြင်းဖြစ်တယ်။ဒါကြောင့်ဟဒီးဆ်တော်မှာလာတယ်။
((အီမာန် နဲ့ အရှက်တရားဟာ ဒွန်တွဲနေလေ့ရှိတယ်။
အရှက်တရားပျောက်ကွယ်သွားရင် အီမာန်လဲပျောက်ကွယ်သွားလေ့ရှိတယ်။))
အီမာန် နဲ့ အရှက်တရားစုံစည်းရာကနေ ဟေဒါယသ် ခေါ် လမ်းမှန်တရားရဲ့
အလင်းတန်းစတင်ပါတယ်။
အေစ်လာမ် သာသနာမှာ ကောင်းမွန်တဲ့အကျင့်စာရိတ္တတွေရဲ့မိခင်ဟာ အရှက်တရားလို့ ဖွဲ့နွဲ့ခေါ်ဆိုပါတယ်။အရှက်တရားနဲ့ပဲ အေစ်လာမ်ဟာရှင်သန်မှုပြုလေ့ရှိတယ်။အရှက်တရားကပဲ မကောင်းမှုဒုစရိုက်တွေကနေထိန်းသိမ်းပေးတယ်။"ငါ့မြင်းငါဆိုင်းစကိုင်းရောက်ရောက်/ငါ့လှေငါထိုး ပဲခူးရောက်ရောက်"ဆိုတဲ့ အဖြစ်မျိုးကနေ ထိန်းသိမ်းပေးတာ ဒီအရှက်တရားပါပဲ။
အရှက်တရားမဲ့လာရင် မကောင်းတာကိုမကောင်းမထင်တော့ဘူး။မကောင်းမှုကနေ မရှောင်ကျဉ်တော့ဘူး။မိမိလက်နဲ့လူတွေကို ဒုက္ခဖြစ်စေမယ်။မိမိပါးစပ်က မဖွယ်ရာတွေဖွင့်ဟ့မယ်။အသေသားလဲစားမယ်(အတင်းပြောခြင်းကိုဆိုလိုပါတယ်။)လှည့်ဖျားမယ်။ဆက်ဆံမှုမှာ ခက်ထန်ကြမ်းတမ်း ရိုင်းစိုင်းလာမယ်။မိမိခန္ဓာကိုယ်ကို ဒုစရိုက်တွေရဲ့ အစေခံပြုပစ်မယ်။
အလာဟ်ရှင်က တစ်ဦးတစ်ယောက်နဲ့ပတ်သက်ပြီး ဖျက်စီးဖို့အချိန်တန်လာရင် ပထမ ဦးဆုံးအရှက်တရားကို နုတ်သိမ်းလိုက်တယ်။အရှက်တရားပျောက်သွားရင် သစ္စာတရား Auto ပျောက်သွားလေ့ရှိတယ်။သစ္စာတရားမရှိရင် အလာဟ်ရှင်ရဲ့ မေတ္တာကြိုးပျက်တောက်သွားတယ်။ရဟ်မသ် လို့ခေါ်တဲ့ အရှင့်ရဲ့မေတ္တာကြိုးပျက်တောက်သွားတဲ့ကျေးကျွန်ဟာ အေစ်လာမ် ကနေတစ်ဖြည်းဖြည်းဝေးလာတယ်။အေစ်လာမ် ကနေ ဝေးလေလေ လောက က သူ့အတွက် ဘာမှတန်ဖိုးမရှိတော့လေလေပဲ။
ကဗျာဆရာပြောသလိုပေါ့ "အရှက်ပျက် ရင် ကမ္ဘာပျက်တယ်" တဲ့ ကမ္ဘာပျက်တော့ ဂျဟန္နမ် ဆက်ဖို့လမ်းစဖြစ်တာပေါ့။ဆိုတော့ ‪#‎အရှက်တရားဟာအီမာန်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာရဲ့ရှင်းလင်းချက်လေးပါပဲ‬
ဒါနဲ့ ဟဒီးဆ် လေးတစ်ပုဒ်သတိရလို့ပါ။((အမျိုးသမီးဟာ အရှက်ဖြစ်ပြီး ထိုသူမ အပြင်ထွက်လျှင် ထိုသူမ အရှက်ကို ရှိုင်သွာန် သည် လိုက်၍ ထုပ်ဖေါ်လေသည်။))ကြည့် သေရ်မေဇီကျမ်း ၁၁၇၃

မော်လ၀ီနူးရ်အဟ်မဒ်(ခ)မင်းထက်အောင်
credit By အစ္စလာမ့်သမီးပျို

No comments:

Post a Comment