Thursday, 19 February 2015
ဟေဂျာဗ်ကိုအဘယ်ကြောင့်မုန်း (ပထမပိုင်း)???
ဟေဂျာဗ်ကိုအဘယ်ကြောင့်မုန်း (ပထမပိုင်း)???
-------------------------------
(စရ်ကိုဇီ) များသည်အမျိုးသမီးများကိုမည်သည့်အကြည့်ဖြင့်ကြည့်နေကြသလဲ?
ထိုသူတွေက အမျိုးသမီးအခွင့်အရေးကို ဘယ်အရာဟုသတ်မှတ်ထားပါသလဲ ?
နေ့စဉ် သတင်းတွေမှာ ထိုသူတို့ရဲ့ လုပ်ရပ်တွေနဲ့ အလှဆင်ထားတာကိုပဲကြည့်ရူ လေ့လာကြည့်လျှင်ပင် ထိုသူများရဲ့ အမျိုးသမီး ဘာလဲ ၊ အမျိုးသမီးများကို ကြည့်တဲ့ အကြည့်က စင်ကြယ်လား မစင်ကြယ် လားဆိုတာ ကောင်းစွာ မှန်းဆ သိရှိရနိုင်ပါတယ်၊
အမျိုးသမီးရဲ့ ပရ်ဒဟ် ကိုကန့်ကွက်ခြင်း၊မုန်းခြင်း၊ပရ်ဒဟ်ကို အမျိုးသမီးအား တုတ်နှောင်ထားသည့် ကြိုးဟု သတ်မှတ်ခြင်း တွေဟာ ထိုသူများရဲ့ လွဲမှားတဲ့အတွေးအခေါ်၊ လွပ်လပ်စွာ စည်းကမ်းမဲ့နေလိုစိတ် နဲ့ သိဖျင်း ယုတ်ညံ့ တဲ့စရိုက်ရဲ့ သက်သေတစ်ရပ်ပဲဖြစ်တယ်၊ ထိုစရိုက်တွေကို အနောက်နိုင်ငံရဲ့ အာဏာရှင်အသိုင်းအဝိုင်းတွေမှာ များမြောင်စွာ တွေ့ရှိရပါတယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက မဒီနာရွေမြို့တော်မှာ မွတ်စလင်မ် နဲ့ ယဟူဒီတွေဟာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်၊ အိမ်နီးနားချင်းတွေဖြစ်ခဲ့ကြတယ်၊ အပေးအယူ ကိစ္စတွေ ရှိခဲ့ကြတယ် ၊ အရောင်းအဝယ် စီးပွားရေးလုပ်ကြရာမှာ တစ်ဦး နဲ့ တစ်ဦးမျက်နှာချင်းဆိုင်တွေ့ခဲ့ကြရတယ်၊ ပရ်ဒဟ် ရဲ့ အမိန့်ကျရောက်လာတဲ့အခါမှာတော့ ယဟူဒီများ ရဲ့ မသန့်တဲ့ ၊ ညစ်ညမ်းတဲ့အတွေး များပေါ်သို့ ခိုင်ခံ့တဲ့ တံတိုင်းတခု ကျရောက်လာခဲ့တယ်၊ အပြင်မှာ သွားလာလှုပ်ရှား နေတဲ့ အမျိုးသမီး တွေကို အရသာခံပြီး ကြည့်ရတဲ့ ခံစားမူကို လက်လွှတ် ဆုံးရူံး ခဲ့ရတယ်၊ သန့်ပြန့်သော သိက္ခာရှိသော အမျိုးသမီးတွေရဲ့ မျက်နှာကို မိမိရဲ့ ညစ်ညမ်းတဲ့ အကြည့်တွေဖြင့် ရူစားပြီး မိမိရဲ့ စိတ်ထဲမှာ ဖုံးကွယ်နေတဲ့ ရိုင်သွာန် ( မိစ္ဆာ) ရဲ့ ကျေနပ်စေမယ့် အပြုအမူတွေရဲ့ လမ်းကို ဖွင့်ပေးခဲ့ကြတယ်၊ ယနေ့ မျက်မှောက်ခေတ်မှာတော့ ရိုင်သွာန် ရဲ့ ဆိုးသွမ်း တဲ့ လုပ်ရပ်တွေကို အဆုံးသတ်တော့မယ်လို့ ထင်ခဲ့ပေမယ့် ရိုင်သွာန်ကတော့ ရိုင်သွာန်ပါပဲ၊ သူရဲ့ ဆိုးဝါးတဲ့ မကောင်းမူတွေက ဘယ်မှာအဆုံးသတ်နိုင်ပါ့မလဲ? မိမိရဲ့ နှောင့်ယှက် ဖျက်ဆီးမူတွေကနေ ဘယ်လိုလုပ်ပြီး ရှောင်ကျဉ်နိုင်ပါ့မလဲ?
ဗနူကနီကာအ် မျိုးနွယ်စုရဲ့ ယဟူဒီ ဈေးတစ်ခုမှာ ပရ်ဒဟ် အပြည့်ခြုံထားတဲ့ အမျိုးသမီး တစ်ယောက်က
ယဟူဒိ سنار ရဲ့ဆိုင်ကိုရောက်လာခဲ့တယ်၊ ထိုအမျိုးသမီးရဲ့ မျက်နှာမှာ ဖုံးအုပ်ထားတဲ့ နိကားဗ်ကို တွေ့မြင်ပြီး ဈေးထဲမှာရှိနေတဲ့ ယဟူဒီတွေ လွန်စွာ မနှစ်မြို့ကြပေ။ မြင့်မြတ်မှန်ကန်တဲ့ အစ္စလာမ် သာသနာတော် မရောက်လာခင်အချိန်တုန်းက ထိုလူမူအသိုင်းအဝိုင်းကြားမှာ ယဟူဒီတွေက စည်းလွတ်ဝါးလွတ် ပျော်ပါးခဲ့ကြရတယ်၊ ဘာအတားအဆီးမှမရှိခဲ့ဘူး ၊ အတိုက်အခံလုပ်မည့်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူး၊ ၎င်းနောက်ယဟူဒီများသည် မိမိတို့ရဲ့ မသမာသောအကြံအစည်များကို အကောင်အထည်ဖေါ်ရာမှာ တားဆီးပိတ်ပင် သူ နတ္ထိဖြစ်ခဲ့ရတယ်၊ ထို့အတွက်ကြောင့် ယဟူဒီများက မိမိတို့ရဲ့ ဗီဇ အတိုင်း ထိုပရ်ဒဟ် နဲ့ သိက္ခာအပြည့်နဲ့အမျိုးသမီးရဲ့မျက်နှာကိုဖွင့်ကြည့်ဖို့ စိတ်အားထက်သန်နေကြတယ်၊ သူတို့ရဲ့ လိုအင်ရမ္မက် မပြည့်ဝတဲ့ အတွက်ကြောင့် သွေးကြွနေကြတယ် မနေနိုင်တော့တဲ့အဆုံးမှာတော့ ထိုသူယုတ်မာများက အမျိုးသမီးရဲ့ အငိုက်မှာ အမျိုးသမီးရဲ့ခါးမှာ တွဲလောင်းကျနေတဲ့ ပဝါအစကို အနောက်ဖက်က အနားစတစ်ခုနဲ့ တွဲချည်လိုက်တယ်၊ အမျိုးသမီးက ပစ္စည်းဝယ်ပြီး အရှိန် နဲ့ ပြန်ထတဲ့ အခါ မှာ ငြိပြီး ပဝါအနားစ ပါ လှန်တက်သွားပြီး ခန္ဒာကိုယ် အနည်းငယ်ပေါ်သွားတာကိုကြည့်ပြီး ယဟူဒီများက ဟာသသဖွယ် ရယ်မောလှောင်ပြောင်ကြတယ်။ အရှက်တရားရဲ့ ရိုက်ခက်မူကြောင့် နှလုံးသားရဲ့ အတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်၊ အနီးနားက ဆိုင်တစ်ဆိုင်မှာ အရှက်တရားသာ မွတ်စလင်မ် အမျိုးသားတစ်ယောက်ရပ်နေတယ်၊ စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုအမျိုးသားရဲ့ ဓါးအိမ်ထဲမှ ဓါးဟာ အပြင်သို့ရောက်ရှိလာတယ် ၊ ၎င်းနောက်ယဟူဒီ سنار ရဲ့ ခေါင်းကိုဖြတ်တောက်ပြီး ခေါင်းတစ်ခြား ကိုယ်တစ်ခြား ပြုလုပ်လိုက်တယ် ၊ ဈေးထဲမှာ ရှိသမျှ ယဟူဒီတွေ အားလုံးက ထိုအမျိုးသားကိုရင်ဆိုင်တိုက်ခိုက်ကြတယ် ၊ တိုက်ရင်း တိုက်ရင်းနဲ့ နောက်ဆုံးမှာတော့ ထိုအမျိုးသားလဲ မိမိရဲ့ အသက်ကို အလ္လာဟ့် လမ်းမှာ ပေးလှုသွားရှာတယ် ၊ နှစ်ဘဝ သခင်ကျေးဇူးတော်ရှင် တမန်တော်မြတ် ( ဆွ ) ထံကို ယဟူဒီ တွေရဲ့ မွတ်စလင်မ် အမျိုးသမီးတစ်ယောက်ကိုသေးသိမ်အောင် စော်ကားခဲ့တဲ့ သတင်းရောက်ရှိလာတဲ့အခါမှာ ကိုယ်တော်မြတ်က ထိုယဟူဒီများကို ခြိမ်းခြောက်ခဲ့တယ်၊ နောက်ဆုံးမှာတော့ ထိုသူများသည်လည်း ကိုယ်တော့ အရှေ့မှာ အမှားဝန်ခံ ခဲ့ရတယ်၊၊
ဆက်ရန်……… 
credit Tun Win
No comments:
Post a Comment