မိခင်မွန်များနှင့် ညီမ၊ အစ်မများ လိုက်နာရန်
အကောင်းဆုံးသော ဆုံးမ စကားများ …
=============*-*-*===============
(1) အလ္လာဟ် အရှင်မြတ်၏(ဇိက်ရ်) တသခြင်းးးမှအပ
အခြားသော အချီးအနှီးစကားရပ်များ ပြောဆိုခြင်းမပြုလေနှင့်
(2) သူတစ်ပါး အပြစ်အနာအဆာများးး ရှာဖွေပြောဆိုခြင်းမှ
မျက်နှာလွှဲရှောင်ပြီး (နဆွီဟသ်)"ဆုံးမစကားများ"ကိုသာပြောဆိုပါလေ။
(3)အခြားသူများနှင့် စကားပြောဆိုပြီးသည့် အခါမျိုး၌ဖြစ်စေ၊
ထိုင်ဝိုင်း တစ်ခုခုတွင် ပါဝင်ပြီးသည့် အခါတိုင်းဖြစ်စေ (အိစ်သိဂ်ဖါရ်) "အလ္လာဟ်အရှင်ခွင့်လွှတ်တော်မူပါ"ဟုဖတ်ရွတ်ရပေမည်။
ဤသည်ကိုပင် "ကိဖ္ဖါရာသုလ်မဂ်ျလိစ် "(ပျက်ကွက်သွားသည့် အရာများကို ပြန်လည်ဖြည့်စွက်ခြင်း)ဟု အမည်ပေးထားလေသည်။
(4)တစ်စိမ်းတစ်ရံစာ အမျိုးသားများနှင့် စကားပြောဆိုရာတွင် နူးညံ့သိမ်မွေ့စွာနဲ့ ကနွဲ့ကလျပုံစံ ဆက်ဆံပြောဆိုခြင်း မပြုလေနှင့်။
ထိုသို့ပြောဆိုခြင်းဖြင့် ပြဿနာပေါင်းစုံ၏ တံခါးများကို ပွင့်စေပြီး မကောင်းးမှု ဘက်သို့ ဆွဲဆောင်မှုကို ဖြစ်စေသောကြောင့် ရှောင်ရှားးအပ်ပေသည်။
(5)အိမ်ထောင်သည် အမျိုးသမီးများသည် မိမိတို့ အိမ်တွင်းရေး
ကိစ္စရပ်များကို တစ်ပါးသူတို့အား တဆင့်ပြန်လည်ဖေါက်သည်ချခြင်းမှလည်းရှောင်ရှားရန် အလွန်အရေးကြီးသည်ဟု ကိုယ်တော်မြတ်(ဆွ)က မိန့်ခြွေထားပါသည်။
ကျွန်မတို့ အစ္စလာမ်ဘာသာဝင် မိခင်မွန်များနှင့် ညီမ၊အစ်မ များ၏ နှလုံးသားများသည် ဒီန် သာသနာရေးရာ ကိစ္စရပ်များတွင်
အလွန်တရာမှ နူးညံ့သိမ်မွေ့လွန်းပါတယ်……
သာသနာ့စကားရပ်များနှင့် ဆုံးမ စကားများကို ကြားနာ လက်ခံရာတွင် အမျိုးသမီးများ၏ အသိဥာဏ် ထိုးသွင်းမှုက အမျိုးသားများထပ် သာပို၍ ထက်မြက်ပါတယ်…………
အစ္စလာမ်ချစ်သောသူလေး

No comments:
Post a Comment