Saturday, 28 February 2015

ဟိုက်ဇွ်၊ နေဖားစ်၊အစ်သေဟာဇွဟ်၊တို့နှင့် ပတ်သက်သောအခန်း။

ဟိုက်ဇွ်၊ နေဖားစ်၊အစ်သေဟာဇွဟ်၊တို့နှင့် ပတ်သက်သောအခန်း။

ရာသီပေါ်ချိန် ကိုယ်လက် နှီးနှောခွင့်မရှိခြင်း။

မေးမြန်းချက်။ ပုဂ္ဂိုလ် တစ်ဦးသည် ဟိုက်ဇွ်၊ ရာသီ လာနေသော
မိမိ ၏ ဇနီး အမျိုးသမီးဖြင့် ကိုယ်လက်နှီးနှောလိုက်၏။
ထိုသူ့တွင် ကဖ္ဖာရဟ် ထိုက်ပါသလား။

ဖြေကြားချက်။ ဟိုက်ဇ် ရာသီလာနေသော အချိန်တွင် မိမိ၏
ဇနီးအား ပေါင်းသင်း ဆက်ဆံခြင်း ဟရာမ် ဖြစ်၏။
ကြီးလေးသော အပြစ်ဖြစ်၏။ ထိုကိစ္စကို သောင်ဝ်ဗဟ် ပြူရမည်။
ဒီနာရ် တစ်ပြား စွဒ်ကာဟ် လုပ်ခြင်း မွစ်သဟဗ် ဖြစ်၏။

(ဖသာဝါ အဆ်အဒီယဟ် အတွဲ၃၊စာမျက်နှာ၁၈၁)
..................

ကလေး မီးဖွားပြီး မည်မျှခန့် ကြာမှ ပေါင်းသင်း ဆက်ဆံခွင့် ရှိသနည်း။

မေးမြန်းချက်။ အမျိုးသမီး တစ်ဦး ကလေးမွေးဖွားပြီးနောက် မည်မျှခန့်
အချိန်ပိုင်းအထိ ထိုအမျိုးသမီးနှင့်ပေါင်းသင်းဆက်ဆံမူမပြူရဟု တားမြစ်ပါသနည်း။

ဖြေကြားချက်။ ကလေး မီးဖွာသော အမျိုးသမီးတစ်ဦး၏ နေဖာစ် သွေးဆုံးရက်သည်၊ 
အများဆုံး ရက် ၄၀ ဖြစ်၏။ အမျိုးသမီးသည် ထိုရက်၄၀အတွင်းသွေးမှန်မှန်
ဆင်းနေပါက ထိုသူမ၏ ခင်ပွန်းသည် မိမိ၏ ဇနီးနှင့် ရက်၄၀ပြည့်သည့်တိုင်အောင်
ပေါင်းသင်းဆက်ဆံမူမပြူရ။ ရက်၄၀ပြည့်ပြီးနောက် ပြူပိုင်၏။
ရက်၄၀မပြည့်မီ သွေးဆင်းခြင်း ရပ်တန့်သွားပါက ရေချိုးပြီးနောက်တွင်
ကိုယ်လက်နှီးနှောခြင်း ပိုင်၏။

(ဖသာဝါအဆ်အဒီယဟ်အတွဲ၃စာမျက်နှာ၁၈၁)

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment