အမျိုးသမီး နှင့် အစ္စလာမ်
=================
ဒီနေ့အမျိုးသမီးအခွင့်ရေးဆိုတဲ့စကားလုံးဟာ နိုင်ငံတိုင်းလိုလို လူမျိုးတိုင်းလိုလို မှာ ရေပန်းစားနေတယ်။သမိုင်းမှာ ဒီလိုရေပန်းစားခဲ့တဲ့ပုံစံ ရှာဖို့တောင်ခက်တယ်။
အမှောင်ခေတ်က အမျိုးသမီးတွေကို တရိစ္ဆာန် သာသာလောက်တောင်အခွင့်ရေးမပေးခဲ့ဘူး။
ထိုအချိန်မှာ ဘယ်သာသနာကမှ အမျိုးသမီးအတွက်နေရာရှိကြောင်း ဖွင့်ဟ့ခဲ့တာမရှိခဲ့ဘူး။
ဒီကိစ္စ သမိုင်းရဲ့ လယ်ပြင် မှာ ဆင်သွားသလိုထင်ရှားနေတယ်။
နဆ်ွနာနီတွေရဲ့ထံမှာ လင်ယောက်ကျားသေသွားရင် ကျန်ခဲ့တဲ့အမျိုးသမီးက ရှင်ရခြင်းထက် သေရခြင်းကပိုကောင်းတယ်။ အရဗ်တွေရဲ့အချို့မျိုးနွယ်တွေမှာ
မိန်းခလေးမွေးပြီဆိုရင် အရှင်လတ်လတ်မြေမြုပ်သတ်ပြစ်တဲ့ထုံးစံရှိခဲ့တယ်။
ထိုကဲ့သို့ပဲ အကယ်၍ လင်ယောက်ကျားသေသွားရင် မိန်းမ ကို ၁ နှစ်ဖမ်းချုပ်လေ့ရှိတယ်။
program တစ်ခုခုစတော့မယ်ဆိုရင် အမျိုးသမီးကိုဖမ်းလာတယ်။ပြီးရင် မီးရှို့လိုက်တယ်။ထွက်နေတဲ့မီးအရောင်နဲ့ program ကိုအစပြုခဲ့တယ်။
ဒါကိုကောင်းတယ်လို့မှတ်ယူတယ်။ အချို့မျိုးနွယ်တွေရဲ့ ထုံးစံနောက်တစ်ခုက
အဖေသေသွားရင် အမေ ကလွဲပြီး အဖေ့ရဲ့ကျန်မိန်းမတွေအားလုံးဟာ
အကြီးဆုံးသားရဲ့ပိုင်နက်ထဲက ကျွန်ဖြစ်သွားတယ်။ဒီကိစ္စတွေထဲမှာ အားလုံးထက်အရင် အစ္စလာမ်သာသနာဝင် တွေရဲ့အထွဋ်အထိပ်ထားသူ
အေစ်လာမ်အမိန့်ပြဋ္ဌာန်းချက်များကိုယူလာလက်ဆင့်ကမ်းပေးသူ မိုဟာမဒ် (ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ) ဆိုတဲ့ပုဂ္ဂိုလ်မွန်ကြီးဟာ တန်းတူအမိန့်ထဲမှာ
အမျိုးသမီးတွေကို ထည့်တွင်းခဲ့တယ်။စဉ်ဆက်မပျက် အမျိုးမသီးရဲ့ ရပိုင်ခွင့်တွေချပြခဲ့တယ်။
မိခင်တွေရဲ့ ဖဝါအောက်မှာ သုခဘုံရှိကြောင်း မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ)
ဆိုတဲ့ ပုဂ္ဂိုလ်မွန်ကြီးပြသခဲ့တယ်။မိမိ သမီးမိန်းခလေးပေါ်မှာကောင်းမွန်စွာဆက်ဆံသူ
ကောင်းမွန်စွာပြုစုပျိုးထောင်သူကို သုခဘုံမှာ မိမိနှင့် အနီးကပ်မှာရှိနေမယ်လို့ မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ) ဆိုသူက သတင်းကောင်းပေးခဲ့တယ်။
မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ)ဆိုသူဟာ မိမိရဲ့နောက်ဆုံးမိန့်ခွန်းမှာ
အမျိုးသားများကို "အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ကိုကြောက်ပါ"လို့အမိန့်ရှိသွားခဲ့တယ်။အမျိုးသမီးများဟာ
အမျိုးသားတွေအတွက် ဖန်ဆင်းရှင်ရဲ့ အပ်နှံပစ္စည်းလို့ဖွဲ့နွဲ့ပြီး ဖန်ဆင်းရှင်ဖက်ဆက်နွယ်ကာ
အမျိုးအမီးရဲ့ သိက္ခာကိုပြသသွားခဲ့တယ်။လောကမှာ မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ) လို ပုဂ္ဂိုလ်မြတ် ရှာကြည့်ဖို့ ခက်သွားမယ်တွေ့မယ်မှာမဟုတ်ဘူး။
အစ္စလာမ်သာသနာမှာ အပ်နှံပစ္စည်းကို အလေးအရေးပေးလေ့ရှိတယ်။
နောက် ဖန်ဆင်းရှင် ဖက်ဆက်နွယ်လိုက်တော့ ပိုပြင်းထန်စွာအရေးပေးဖို့တောင်းဆိုလိုက်ခြင်းပဲ။ ထိုအရာက အမျိုးသမီး ပါပဲ။
မွတ်စ်လင်မ်တိုင်းအပေါ်မှာထိန်းသိမ်းဖို့တာဝန်ရှိတယ်။
ထိုအပ်နှံပစ္စည်းထက် တန်ဖိုးကြီးမားတဲ့အရာကို နေရာတကျအသုံးမချရင် မကောင်းဆုံးသောအပြစ်တွေထဲကအပြစ်ဖြစ်လိမ့်မယ်။ဤအကြောင်းကိုပဲ မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ) ဆိုသူဟာ နေရာအသီးသီးမှာ အခြေအနေနဲ့ မိန့်ဆိုဖွင့်ဟ ချပြသွားခဲ့တယ်။ မနိုင်တဲ့ဝန်ထန်းဆောင်ခြင်းကနေအမျိုးသမီးများကို ဝေးကွာစွာထားစေခဲ့တယ်။လေးပင်တဲ့တာဝန်တွေ မပေးစေခဲ့ဘူး။အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အချို့တာဝန်တွေကို အမျိုးသားတွေပေါ်ပုံအပ်သွားခဲ့တယ်။ပေါ့ပါးတဲ့တာဝန်တွေကို အမျိုးသမီးတွေပေါ်ပေးအပ်ခဲ့တယ်။အသိပညာဖွံဖြိုးဖို့ အမျိုးသမီးတွေဟာ
ကောင်းတယ် လို့တင်မပြောခဲ့ပဲ အကောင်းဆုံးပါလို့မိန့်သွားခဲ့တယ်။အမွေဆက်ခံမှုမှာ အမျိုးသမီးတွေကိုပါထည့်တွင်းသွားခဲ့တယ်။ထို့အရင် က အခြေနေက အပေါ်မှာတင်ပြခဲ့တဲ့ အမွေဆက်ခံခြင်းခံခဲ့ရတယ်။ ဒါကို မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ)ဆိုသူက ဖျက်သိမ်းပြီး မွေဆက်ခံဖို့မှာပါ အမျိုးသမီးတွေကို ထည့်တွင်းသွားခဲ့တယ်။
အတွင်းအပြင်သန့်ပြန့်ခြင်းနဲ့တိတ်တစိတ်နေခြင်းကို အမျိုးသမီးတွေရဲ့ သရဖူဖြစ်ကြောင်း၊
အရှက်တရားဟာ အမျိုးသမီးတွေရဲ့ ပင်ကို ရတနာဖြစ်ကြောင်း၊ အမျိုးသားတွေထဲမှာ အကောင်းမွန်ဆုံးသူဟာ အမျိုးသမီးနဲ့အကောင်းမွန်ဆုံးဆက်ဆံသူဖြစ်ကြောင်း၊
နောက်ဆုံး အကယ်၍ အမျိုးသမီးများက ကပြောင်းကပြန် လုပ်တဲ့အကျင့်ရှိတဲ့သူဖြစ်မယ်ဆိုရင်တောင် ကောင်းမွန်စွာဆက်ဆံပြီး တည့်မှတ်တဲ့
လမ်းပေါ်ခေါ်လာဖို့ သူမ ရဲ့ အပြစ်တွေကိုကြည့်ပြီး ရှုံ့ချခြင်းမပြုဖို့ သီးခံတရားလက်ကိုင်ထားဖို့ မိုဟာမဒ်(ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ) ဆိုသူက မိန့်ကြားသွားခဲ့တယ်။
လောကမှာယနေ့ အမျိုးသမီးတွေအတွက်အထက်ဖေါ်ပြပါအခြေနေတွေ ရှိနေပြီလား?
#အမျိုးသမီးအခွင့်ရေး
ဆိုတဲ့ခေါင်းစဉ်အောက်မှာအမျိုးသမီးတွေကို တုံးလုံးချွှတ်တဲ့အဖွဲအစည်းတွေအတွက်အလိုအပ်ဆုံးအရာ က အစ္စလာမ် ကအမျိုးသမီးကို အရေးပေးပုံလေ့လာပြီးလက်တွေ့အကောင်းထည်ဖေါ်ဖို့ပါပဲ။
မော်လ၀ီနူးရ်အဟ်မဒ်(ခ)မင်းထက်အောင်
credit By အစ္စလာမ့်သမီးပျို

No comments:
Post a Comment