Saturday, 28 February 2015

ဟိုက်ဇွ်၊ နေဖားစ်၊အစ်သေဟာဇွဟ်၊တို့နှင့် ပတ်သက်သောအခန်း။၁

ပျိုဖော်ဝင်စ သွေးဆင်းရာတွင် ဟိုက်ဇ် ရက်ကို မည်သို့ သက်မှတ်မည်နည်း´

မေးမြန်းချက်။ အမျိုးသမီး တစ်ဦးအား ပထမဆုံး စတင် သွေး ဆင်းရာ ၌
ရက် မည်မျှ ကို ဟိုက်ဇ် ရာသီးသွေး ဟု သက် မှတ်ရမည်နည်း။

ဖြေကြားချက်။ အမျိုးသမီးငယ် တစ်ဦးအား ပထမ ဦးစွာ သွေးဆင်းပါက
၁၀ရက် သို့ ၁၀ရက်ထက်ပင် နည်းပါး ပါမူ ၎င်း ရက်အားလုံး ဟိုက်ဇ် ရာသီးသွေး ရက်ဖြစ်သည်။ ၎င်းနောက် ၁၀ရက်ထက် ပို၍ သွေးဆင်းပါမူ ၁၀ရက် အပြည့်အဝသာလျှင် ဟိုက်ဇ် ရက်ဖြစ်သည်၊ ၎င်းနောက် ပိုသမျှသော ရက်များသည်၊ အစ်သေဟာသွဟ် ရောဂါ သွေးပင်ဖြစ်သည်။
.....................

`ပျိုဖော်ဝင်စ သွေးဆင်းရာမှ လပေါင်း များစွာဆက်တိုက် သွေးဆင်းနေလျှင်´

မေးမြန်းချက်။ အမျိုးသမီး ငယ် တစ်ဦးသည် ပျိုဖော် ဝင် စ သွေစတင် စီးဆင်းချိန်မှ စ၍ လပေါင်းများစွာ ဆက်တိုက် သွေးဆင်းနေပါက မည်သို့ ပြူရမည်နည်း။

ဖြေကြားချက်။ အမျိုးသမီးငယ်တစ်ဦးသည် လပေါင်းများစွာ သွေးသည် မပိတ် သည့်အပြင် ကောင်းစွာ ဆက်တိုက် စီးဆင်းနေပါမူ စတင် သွေးဆင်းသော နေ့မှ ၁၀ ရက် ၁၀ ည ကို ဟိုက်ဇ် ရက်ဟု သက်မှတ် ရပေမည်၊ ၎င်းနောက် ရက်၂၀ မှာ အိစ်သေဟာသွဟ် ရောဂါသွေးဖြစ်ပေမည်၊ ထိုကဲ့သို့ပင် ၁၀ ရက်ကို ဟိုက်ဇ် ရာသီသွေးရက် ၂၀ ကို အိစ်သေဟာသွဟ် ရောဂါသွေးဟု သက်မှတ်ရမည်။
........................
`ဟိုက်ဇ် နှစ်ခု ကြား ၁၅ ရက် ခြားရခြင်း´

မေးမြန်းချက်။ ဟိုက်ဇ် ရက်ကာလ နှစ်ခု ၏ အကြားတွင် ရက်ပေါင်း မည်မျှ သန့်ရှင်းနေရန် လိုအပ်ပါသနည်း၊

ဖြေကြားချက်။ ဟိုက်ဇ် ရက်ကာလ နှစ်ခု အကြားတွင် အနည်းဆုံး၁၅ရက် သန့်ရှင်းနေရမည်။ အများဆုံးမှာ အတိုင်းအတာ မရှိပေ၊ သို့ရှိရာ အကြောင်း တစ်ခုခုကြောင့် အမျိုးသမီးတစ်၏ သွေးရပ်တန့်သွားပါက နောက်တစ်ကြိမ် သွေးမဆင်းမီ ကြားကာလ များတွင် ကိုယ်သန့်နေရမည်။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@Ahmad Mgk
[ဖသာဝါ အဆ်အဒီယဟ် အတွဲ ၃ စာမျက်နှာ ၁၈၅]

No comments:

Post a Comment